Chapter 2

134 8 0
                                    

"ထက်...ထက်.။
ဟဲ့..ထက် ထဦး..
သူ အကုန်နေရာချပြီးသွားပြီ။...
ထက်..ထပါဦးဆို.."
ဆိုဖာခုံပေါ် ကျောမှီရင်း အိပ်မောကျနေမိသောသူမအား မိသူ အငမ်းမရ နှိုးသည်။

အချိန်မှာ ညနေစောင်းပြီ။

"ထက်....ထက်..ထက် ထတော့လို့.."
သူမ လက်ကို လှုပ်နှိုးလိုက်ပြီး မိသူ သူမအား ခပ်ကျယ်ကျယ် အော်နှိုးနေသည်။

နေထိုင်ရာနှင့် ဝေးလွန်းသောနေရာသို့ လာရသည်ကတစ်ကြောင်း၊စိတ်ပင်ပန်းမိနေတာကတစ်ကြောင်းမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မိနေရာမှ သူမ နိုးလာသည်။

"ဘာ...ဘာလဲ မိသူ.."
အိမ်ချင်မူးတူးနှင့် သူမ ရေရွတ်မိလိုက်သည်။

"'သူ'...ပစ္စည်းတွေ အကုန်နေရာချပြီးပြီ။
ဧည့်ခန်းမီးနဲ့ မီးဖိုချောင်မီးက ပျက်နေတယ်..မနက်ဖြန် 'သူ' လာလဲခိုင်းပေးမယ်..အခုတော့ 'သူ' အိမ်ပြန်တော့မယ်လေ..ထက်ရဲ့.."
ဒီနယ်ကလေးမှာ 'သူ'၏ ဇာတိဖြစ်သည့်အတွက် သူမနေထိုင်ရန် အစစအရာရာ မိသူပဲ တာဝန်ယူထားသည်။

အိပ်‌ချင်နေသောကြောင့်
ဝေဝေဝါးဝါးနှင့်...
"အေး..မိသူရာ..နင် ဒီမှာ မအိပ်ဘူးလား.."

"မအိပ်တော့ဘူး..ထက်
အိမ်မှာ မေမေနေမကောင်းလို့ ညဆို ငါရှိမှဖြစ်မှာ.."
သူ သူမ၏ ပိုက်ဆံအိတ်ကိုကောက်ကိုင်ရင်း ပြန်ရန် ပြင်ဆင်သည်။

ထက်စီးသံမှာတော့ မျက်လုံးများပိတ်လျက်
"အေးပါဟာ...ကျေးဇူးလည်း တင်တယ် အားလည်းအားနာပါတယ်....နင်..နင်မနက်ဖြန်တော့ လာခဲ့ဦး သူရာ..."

"အေးပါ ထက်ရဲ့
ငါသွားပြီနော်...."
သူတစ်ယောက် ပြောပြီးပြီးချင်း
အုတ်များဖြင့်တည်ဆောက်ထားသည့် ရိုးရှင်းသည့်အိမ်ကလေးနှင့် ခြံကျယ်ကလေးအား နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

ထက်စီးသံမှာတော့
ဆိုဖာပေါ်၌ ထပ်၍ အိပ်မောကျမိသည်။

ဒီလိုမျိုး စိတ်လိုလက်ရ အိပ်မပျော်တာ
လွန်ခဲ့သည့် ငါးနှစ်လောက်ကတည်းက။

ကိုကို၏ အသုဘပြီးကတည်းက
သူမ စိတ်ဒဏ်ရာရနေခဲ့သည်။
ကိုကိုဟာ သူမကြောင့်‌ ‌
သေရတာဟု သူမ မှတ်ယူမိသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now