Part-14

37 4 0
                                    

ကောင်းစက်မေဆိုသော သူမအတွက်တော့ ခင်မြတ်နိုးဆိုတဲ့အမျိုးသမီးဟာ မရှိမဖြစ်ပါပဲ။ သူတို့အခြေနေတွေဟာလဲ အရင်ချိန်တွေက အဆင်ပြေခဲ့ပေမယ့် ဦးထင်မြင့်ရဲ့ စကားတစ်ခွန်းကြောင့် အလွဲလွဲအမှားမှားဖြစ်ကုန်တော့၏။

''ဘာ ခင် ဦးလေးက နင့်ကို ယောကျာ်းပေးစားမယ်ဟုတ်လား''

''ဟုတ်တယ်စက် ငါလဲဘာမှမသိပဲအစီစဥ်ခံရတာ''

''နင်ဘယ်လိုဆုံးဖြတ်မလဲခင် ငါနဲ့တူတူထွက်ပြေးကြမလား''

''လက်ထပ်မယ့်သူနဲ့တွေ့ကြည့်ပြီးမှ ဆုံးဖြတ်သင့်တာ ဆုံးဖြတ်တာပေါ့''

စက်စိတ်ထဲတွင်တော့ အော်ခင်ရယ် နင်ကိုယ်တိုင်က ဒီလမ်းမှာပျော်တာကိုး ငါမတားပါဘူးဟာ။ တစ်ကယ်တော့ စက်ရဲ ခင့်အပေါ်ထားတဲ့စိတ်ကို ခင်လဲသိပါပေတယ်။ ဒါပေမယ့် ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့သဘောပါပဲ။ ခင် စက်ကို မချစ်ပါဘူး။ အသုံးချရုံပါပဲ။ ဒီကလဲနွားကို အသုံးလဲအချခံတယ် အစားထိုးခံရတာတောင်ပျော်နေတာ။

ခင်မြတ်နိုးလဲ ကောင်းခက်ထန်ရဲ့ ပုံလေးမြင်တော့ မြင်မြင်ချင်းကို ချစ်မိသွားတော့ အဖေဖြစ်သူက်ို ဟူတ်ကဲ့ဖေဖေ ဆိုသော စကားတစ်ခွန်းသာပြန်ဖြေလိုက်တော့သည်။ ထိုအချိန်တွင် ကမ္ဘာပျက်နေသူကတော့ ကောင်းစက်မေ။

ဖုန်းလာတော့ ကောင်းစက်မေကိုင်လိုက်တော့ သူရဲ့မပိုင်ဆိုင်ရတဲ့ခင်

''ဟယ်လိုစက်''

''အေး''

''ငါလေ အဲ့တစ်ယောက်ကိုချစ်မိသွားပြီထင်တယ်သိလား''

''ငါကဘာမို့သိရမှာလဲ နင့်ဘာနင်ချစ်တာလေ ဒါပဲ ငါနားပြီ''

တော်တော်ဆိုးတဲ့ ခင်မြတ်နိုးပါ။ အခြားတစ်ယောက်ိုချစ်မိနေတာကို ကိုယ့်ကိုယ်သဘာကျမြတ်နိုးနေတဲ့သူကိုမှ ဖုန်းဆက်ပြီးပြောရလေသတဲ့။

ကောင်းခက်ထန်လဲ အဘိုးအိမ်မှာ ချစ်ရသူလေးရောက်တုန်းပျော်ပျော်ရွှင်ရွှင်နေရင်းအချိန်တွေသာကုန်ဆုံးတော့သည်။ တစ်နေ့တွင်တော့ အဖေဖြစ်သူရောက်လာ၍

''သားငယ်''

''ဗျာ ဖေဖေ''

''ဖေဖေ့ကို ကူညီပါအုံးကွာ''ဟူ၍ စိတ်ပျက်ပျက်ဖြင့်ပြောလိုက်လေတော့

''ဘာဖြစ်လို့လဲဟင်ဖေဖေ''

''ဖေဖေ့လုပ်ငန်းတွေအရုံစပေါ်နေတယ်သားအဲ့တာ ဖေဖေ့ကို ကူညီပါအုံးသားရယ်''

''သားဘာလုပ်ပေးရမှာလဲ ဖေဖေ''

''သား ထိုင်းက ရှယ်ရာ ရှင်တွေနဲ့ သွားတွေ့ပေးရမှာသား ခဏပါပဲ''

''ဟုတ်ဟုတ် ဖေဖေ''

''ကျေးဇူးပါသားရယ်''

ထိုအကြောင်းရာဆိုရင်တော့ ဦးမြင့်ထန်ကျော်ရဲ့အကြံစည်များထဲမှတစ်ခုဖြစ်သည်။

ခက်ထန်လဲ ချစ်သူလေးကိုအကြောင်းစုံရှင်းပြတော့

''သွားလေမောင် မောင်သွားရမှာပေါ့ သက်ကိုစိတ်ချနော်မောင် သက်နက်ဖြန်ပြန်လိုက်မယ်''

''မဟုတ်တာချစ်သက်ကလဲ မောင်ကခဏပဲ ကြာမှာ
မောင့်ကိုစောင့်လေနော် တူတူပြန်ကြမယ်လေနော်''

''မောင်စောင့်ဆိုလဲ စောင့်ပါ့မယ်''

ကောင်းခက်ထန် ထိုင်းကိုသွားတော့ အဘိူးဖြစ်သူ
ဦးမိုးမြင့် အိမ်မှာခက်ထန်ကျန်ရစ်ခဲ့တော့သည်။

''ကဲမြေးလေး ဘိုးဘိုး company သွားတော့မယ်ကွယ်''

''ဟုတ်ဘိုးဘိုး''

သက်လွန်းခက်လဲ အိမ်မယ်သာနေရင်း ညနေစောင်းတော့ ဥ်ီးမြင့်ထန်ကျော်ရောက်လာတော့သည်။

''မင်းက ငါ့သား ကောင်လေးပေါ့''

''ဟုတ်..ဟုတ်.ဟုတ်ပါတယ်ဗျ''

''အဲ့လောက် ကြောက်စရာမလိုပါဘူး ငါလဲလက်ခံလာပါပီကွ''

''ကျေးဇူးပါ ဦးလေး''

''ငါလဲ အဖေတစ်ယောက်ပါကွာ သားသမီးဆိုတဲ့ လောဘလေးတက်မိလို့ မပြောသင့်တာတွေပြောမိတာ''

''ဟုတ်ကဲ့''

''အခု ကိစ္စတွေပြီးရင် ငါလဲ မင်းတို့ကို အလုံးစုံလက်ခံမှာပါကွ''

''ဦးကိုတစ်ခုတော့ ကူညီကွယ်''

''ပြောပါဗျ ကျွန်တော်ဘာကူညီရမလဲ''

''ဦးရဲ့ အသိတစ်ယောက်စီကို ဦးကိုယ်စားသွားပေးခိုင်းတာပါကွာ''

''ရပါတယ်ဗျ''

ဦးမြင့်ထန်ကျော်ရဲ့ အကြံကိုမသိပဲဇွတ် ကူညီချင်နေတဲ့ သက်လွန်းခက်အတွက်တော့ မတွေးဝံ့စရာပါပဲ။ထိုအကြံစည်တွေကိုသာသိခဲ့ရင် လွန်းခက်တစ်ယောက် ကူညီခဲ့ပါ့မလား။

ဒီအကူညီတောင်းတာကို သားငယ်ကိုပြန်ပြီးမပြောပါနဲ့ ဦးရဲ့သားက ဦးကို သူ့ကောင်လေးကိုပါခိုင်းတယ်မြင်မှာဆိုးလို့ပါကွယ် ဟူ၍မှာခဲ့တော့ လွန်းခက်တစ်ယောက် ချစ်သူဖြစ်သူကို ပြန်မပြောခဲ့။

**ကျေးဇူးတင်ပါရှင်** Min

Loved! Where stories live. Discover now