Part-12

22 2 0
                                    

ကောင်းခက်ထန်တစ်ယောက် အဘိုးရဲ့အကာကွယ်ရှိနေတုန်းတော့ သူတို့ရဲ့အချစ်ရေးဟာအဆင်ပြေနေခဲ့သေးတယ်ဆိုပါတော့။ ဒါပေမယ့် ဦးမြင့်ထန်ကျော်တစ်ယောက်ကတော့ နည်းနည်းလေးတောင် မပြောင်းလဲပေ။

''ခက်ရေ ကိုယ်တို့တစ်နည်းနည်းနဲ့တော့ သားကိုခွဲရမှာပဲ''

''ဟုတ်တယ်ကို ကြိုက်စရာအဲ့လောက်တောင်ရှားရလားသားငယ်ရယ်''

''သမီးလေး ခင်မြတ်နိုးနဲ့ပဲကိုယ်တော့ သဘောတူတယ်''

''ခက်လဲတူတူပါပဲကိုရယ်''

''ဒီကောင်ကို လူလိုပြောလို့နားမဝင်တော့ ကြံသင့်တာတွေကြံရမှာပဲ''

ထိုအချိန်တွင်တော့ ကောင်းခက်ထန်တစ်ယောက် အဘိုးဖြစ်သူအိမ်မှာသာနေဖြစ်ပြီး ချစ်သူဖြစ်သူ သက်လွန်းခက်နဲ့ စကားနေ့တိုင်းပြောရင်း အနာဂတ်အကြောင်းတွေတိုင်ပင်လေ့ရှိသည်။

''အချစ်မောင်တို့ ဒီတိုင်းလေးပဲဆက်ချစ်သွားကြမယ်နော်''

''ဒါပေါ့ဗျာ ကျွန်တော်ကမောင်နဲ့မှမခွဲနိုင်တာ''

''တစ်ကယ်ဟုတ်လို့လား''

''ဟုတ်တာပေါ့မောင်ရယ်၊ မောင်ကကျွန်တော့်ကိုနာကျင်စေမယ့် အဆိပ်ဖြစ်နေပါစေ သိရက်နဲ့ကျွန်တော်သောက်မယ်၊ မောင့်စီကိုလျှောက်လာတဲ့လမ်းမှာလဲ ဘယ်လောက်ကြမ်းပါစေ ကျွန်တော်လာမယ်၊ ကျွန်တော်သာ သေသွားခဲ့ရင်တောင်မှ မောင်ကိုယ်တိုင် သာဓုခေါ်ဖို့ပြောမှကျွန်တော်ခေါ်မယ်''

''ဟာကွာ အချစ်ရာ၊ သေမယ်ဆိုတာကြီးကပါလာပြန်ပြီကွာ''

''ဥပမာပါမောင်ရယ် လူပဲဗျာ၊ သေတစ်နေ့ မွေးတစ်နေ့ပဲကို၊ အချိန်တန်ရင်သေရမှာပေါ့''

''ဟုတ်ပါတယ် အခုကအဲ့အချိန်မှမတန်သေးတာကို မပြောနဲ့မကြိုက်ဘူး''

''ဟောကြည့် ကျွန်တော့ပိုင်ရာဆိုင်ရာလေးက စိတ်ကောက်တာလား''

''ဘာ ပိုင်ရာဆိုင်ရာလေးဆိုတော့ မောင်အပြင်ဘယ်သူရှိသေးလို့လဲ မောင်ကအကြီးဖြစ်ရမှာလေ''

''ဟင် မောင်ကလဲ ချစ်လို့ခေါ်တာကို မောင့်အပြင်ဘယ်သူမှလဲမရှိဘူး ထပ်ရှိစရာလဲအကြောင်းမရှိပါဘူး''

Loved! Место, где живут истории. Откройте их для себя