Part-7

18 2 0
                                    

ကောင်းခက်ထန်တစ်ယောက် ရန်ကုန်ပြန်ရောက်ပေမယ့်လည်း နေ့တိုင်းအခန်းအောင်းပြီးတာနေတော့သည်။ အကြောင်းပြချက်ကတော့ အခန်းထဲမှာ အနာဂတ်လေးနဲ့နေ့တိုင်းစကားပြောနေလို့ပါပဲ။

''လွန်းခက် နိုးပြီးလား.. မောနီးနော်ကလေး''

''Morning ပါအကိုဗျ''

''နောက်နှစ်ရက်နေ အကိုမွေးနေ့ကျတော့မယ် အကိုလဲ စင်္ကာပူကိုပြန်ပြီးကျောင်းပြန်တက်ရတော့..ဟူးး''

''အကိုကလဲဗျာ ကျောင်းသွားတက်ရမှာကို ဘာတွေသက်ပြင်းကျနေတာတုန်''

''ဒီလိုပါပဲကွာ အကိုမွေးနေ့ကျ လွန်းခက်အကို့ကိုဘာပေးမှာလဲဟင်''

''ကျွန်တော်ကအကိုတောင်းတာပေးမယ်ဗျာ''

''တစ်ကယ်နော်''

''နှစ်ကယ်ဗျာ''

ဒီလိုနဲ့မွေးနေ့ရောက်သည် လေလိုင်းပေါ်ကနေ နေ့တိုင်းစကားပြောကြတော့သည်။

(7.12.2015) (12:00 AM)

ဝင်လာတဲ့စာလေးကတော့

''Happy birthday par အကို များကြီးဆုမတောင်းပေးတတ်ပေမယ့် ကျန်းမာပါစေ ပိုပြီးလဲ လူချစ်လူခင်ပေါပြီး ဖြစ်ချင်တာတွေဖြစ်ပါစေ''

ခက်ထန်လဲ မအိပ်သေးတော့ ဝင်လာတဲ့စားလေးတွေကိုကြည့်၍ လွန်းခက်ပို့ထားတဲ့စာလေးကိုမြင်တော့ ရင်ထဲအပျော်က....အတိုင်းမသိ..ဝမ်းသာသွားလေတော့

''အကို့ကိုဒီလိုဆုတောင်းပေးလို့ကျေးဇူးပါလွန်းခက်...အကို့ကို မွေးနေ့လက်ဆောင်ပေးတော့မလားဟင်''

''တောင်းလေအကိုကျွန်တော်ပေးမယ်''

''အကို့ကပြောမှာ လွန်းခက်စိတ်မဆိုးရဘူးလို့ကတိပေး''

''ဟုတ်ပြီအကိုပေးတယ်''

''အကိုလွန်းခက်ကိုမြတ်နိုးမိနေပီ....ရင်ထဲကလာတဲ့စကားပါလွန်းခက်ရယ် အကိုဘဝမှာဒီလို ရင်ခုန်သံမျိုးကြားဖူးတာခုပထမဆုံးပဲ..ပိုင်ဆိုင်ချင်မိတယ် လွန်းခက်လက်လေးကိုတွဲထားပြီးနေ့ရက်တိုင်းဖြတ်သန်းချင်မိတယ် လွန်းခက်ရဲ့ညှို့အားပြည့်တဲ့ မျက်ဝန်းလေးကိုလဲ ရာသက်ပန်မြတ်မြတ်နိုးနိုးနဲ့ကြည့်ချင်မိတယ်လွန်းခက်ရာ''

Loved! Where stories live. Discover now