Part-11

24 3 0
                                    

ကောင်းခက်ထန်တစ်ယောက်လဲ အခန်းထဲမယ် ပိတ်လှောင်ခံထားရာကနေ အကူအညီရမယ့်သူတစ်ဦးရောက်လာတော့....

''ဟေ့ယျောင် မြင့်ထန်။ မင်းကဘယ်လိုအဖေမို့ ကိုယ့်သားကိုယ်အခန်းထဲပိတ်လှောင်ထားရတာလဲကွ''

''ဟုတ်တယ်အဖေကျွန်တော်က အဖေအမြင်မှာ အဖေတစ်ယောက်နဲ့တူချင်မှတူမယ် ဒါပေမယ့်သားလုပ်နေတာတွေမှန်တယ်''

''ဘာကွ''

''ကိုယ့်သားကို အခြားယောကျာ်းလေးတစ်​ယောက်နဲ့ ဘယ်လိုပုံစံကျွန်တော်က သဘောတူရမှာလဲ ဟင်အဖေ​ပြောကြည့်''

''ငါ့တွက်တော့ ငါ့မြေးတွက်အဘိုးပီသဖို့ ငါ့မြေးစိတ်ချမ်းသာဖို့ပဲလိုတယ်ဟေ့ကောင် မင်းကိုငါမွေးထားတာ ငါ့စိတ်တော့နည်းနည်းပါသင့်ပါတယ်''

''ဟုတ်တယ်ကျွန်တော်က အဖေ့နဲ့ဘာမှမတူဘူး အဲ့တာကြောင့် အဖေဘာမှမပြောနဲ့''

''အေးဒ်ီမှာ ငါကလဲ ငါ့မြေးငါလာခေါ်တာရှင်းလား''

''မထည့်နိုင်ဘူးအဖေ ကျွန်တော်ကသူ့အဖေပါကျွန်တော်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်''

''ငါကလဲ မင်းအဖေမို့ ငါမှာလဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်''

ဒီလိုနဲ့ခက်ထန်ရဲ့အဘိုးဖြစ်သူ ဦးမိုး​မြင့်တစ်ယောက် ခက်ထန်အခန်းရှေ့သို့ရောက်လာပြီးတံခါးသော့ဖွင့်တော့၏။

''မြေးငါ့မြေးလေး ဟေ့ဆရာဝန်ခေါ်ကြစမ်းမြန်မြန်ခေါ်ကြ''

ဒိီလိုနဲ့ မိသားစုဆရာဝန်လဲအိမ်ကိုရောက်လာပြီး

''လူနာက အိပ်ရေးတွေပျက်နေတယ်ထင်တယ် အစားလဲပုံမှန်မစားဘူးနေမှာ အဲ့တာကြောင့်သွေးပေါင်ကျပြီးမေ့လဲနေတာပါ အရမ်းလဲငိုထားတာကြောင့် နှလုံးကလဲအားနည်းနေတာမို့ ကျွန်တော်ပေးတဲ့ဆေးတွေသေချာတိုက်ပါ အခုတော့ အကြောဆေးသွင်းခဲ့တာမို့ ခဏနေသတိရလာပါလိမ့်မယ်''

''ဟုတ်ကဲ့ပါဒေါက်တာ''

နာရီဝက်လောက်အကြာမှာတော့ ခက်ထန်တစ်ယောက် သတိရလာတော့သည်။

''အဘိုး ဘယ်တုန်းကရောက်နေတာလဲ''

''သားရယ် အဘိုးမြေးလေး သားဖြစ်ချင်တာပြော အဘ်ိုးအကုန်လုပ်ပေးမယ်''

Loved! Where stories live. Discover now