Part-1

88 5 0
                                    

ကောင်းခက်ထန်ဟာဆိုရင် US(အမေရိက) မှာတစ်ယောက်တည်း ဘယ်သူနဲ့မှအဆက်သွယ်မလုပ်ပဲနေခဲ့တာ ဒီနေ့နဲ့ဆို 3 နှစ်နဲ့ 6 လတောင်ရှိခဲ့ပြီ။ သူကိုယ့်မွေးရက်မြေ မြန်မာနိုင်ငံကိုရော သူရဲ့မိသားစုကိုရောခွဲခွာခဲ့ပြီး US မှာ waiter လုပ်နေခြင်းဖြစ်တယ်။ သူ့အနေထားနဲ့ဆိုရင်ဒီလိုအလုပ်မျိုးလုပ်စရာလိုမယ်လို့ ဘယ်သူ့ကထင်မှာလဲ။ မြန်မာနိုင်ငံရဲ့ တတိယမြောက် အချမ်းသာဆုံး The World Of MK လုပ်ငန်းစုရဲ့ ဒုတိယမြောက်နဲ့သားအငယ်ဆုံးလေးတစ်ဦးဖြစ်တဲ့ထိုလူသာ ကောင်းခက်ထန်ပဲဖြစ်သည်။ ဒါပေမယ့် သူက waiter လုပ်နေတယ်တဲ့လေ ဘာကြောင့်လဲဆိုတော့ သူကျောင်းတက်ဖို့သူ့ကျောင်းစရိတ်သူရှာနေခြင်းဖြစ်သည်။ ကောင်းခက်ထန်ဟာ စင်္ကာပူမှာ စီးပွားရေးနဲ့ဘွဲ့ရထားတဲ့လူတစ်ဦးလည်းဖြစ်ပါတယ်။ သို့သော်သူအခု US မယ် အခုရောက်နေခြင်းကတော့ စိတ်ပိုင်းဆိုင်ရာအကြောင်းကိုလေ့လာချင်သည့်အတွက်ကြောင့် Physho ဘွဲ့လာယူခြင်းဖြစ်ပေသည်။ Phychology အတန်းကိုသေချာလေ့လာသင်ယူပြီး ဘွဲ့ကိုမရရအောင်လာယူခြင်းလဲဖြစ်ပေသည်။တစ်နေ့ restaurant မှာသူအလုပ်ဆင်းနေရင်း

နိုင်ငံခြားသူလေးတစ်ယောက်က '' Do you have a girlfriend? Because I wanna love you.''

ထိုအချိန်တွက်ကောင်းခက်ထန်က ပြုံးပြပြီး '' No I don't have girlfriend but I have a partner. This one is not a girl.''

နိုင်ငံခြားသူလေးက ''What! So ......boy''

ကောင်းခက်ထန် '' Yes of couse''

ကောင်မလေးလဲ အံ့သြတကြီးနဲ့ဆိုင်မှထကာပိုက်ဆံရှင်းပြီး ထွက်သွားလေတယ်။ သူမစိတ်ထဲမှ ကောင်းခက်ထန်ကို နှမြောချင် နှမြောနေမယ်။ မယုံနိုင်လောက်တဲ့ထိလဲဖြစ်ရင်ဖြစ်နိုင်မယ်။ ဘာကြောင့်ဆို သူ့မစိတ်ထဲမှာတစ်ထေ့ချ မှတ်ထားတဲ့ဒီလိုပုံစံကောင်လေးမျိုးဟာ ကောင်မလေးတွေနဲ့ တွဲတယ်ဆိုတာမျိုးပေါ့။

ည ၇ နာရီဆိုင်သိမ်းပြီးပြန်လာတော့ ကောင်းခက်ထံ စိတ်ထဲမှာ နေ့လယ်က သူပြောလိုက်တဲ့အကြောင်းနဲ့ တစ်ဆုံတစ်ယောက်ရဲ့ မျက်ဝန်းလှလှလေးတွေကိုသူ့စီပျံ့နှံ့လာပြီး သူလဲအဲ့အတွေးတွေနဲ့သူရဲ့အိမ်ပြန်လမ်းကိုဆက်ခဲ့လေတယ်။ ကောင်းခက်ထန်လဲအိမ်ရောက်တော့ လုပ်နေကျအလုပ်လေးတွေလုပ်ရင်း ဒီညဟာလဲအရင်ညတွေလို ရင်ထဲလှစ်ဟာမှုတွေကို အရက်ပြင်းပြင်းလေးတစ်ခွက်သောက်ပြီး သူ့ကိုနှိပ်ဆက်နေတဲ့အိမ်မက်ဆိုးတွေကို သူကျော်ဖြတ်ရအုံးပေမည်။

မြန်မာနိုင်ငံ မန္တလေးမြို့

'' မေမေသားပြန်ရောက်ပီနော် အဝတ်လဲပြီးမှ မေမေ့သားပြန်လာကူမယ်နော် ''

သက်လွန်းခက်က အမေ့ဖြစ်သူကိုအော်ပြီးပြောလေသည်။ သက်လွန်းခက်ဟာဆိုရင် English နဲ့ကျောင်းပြီးခဲ့ပြီး အပြင်သင်တန်းတွေမှာရော အိမ်မှာပါ English စာသင်ပေးတဲ့ဆရာတစ်ဥ်ီးဖြစ်သည်။ အားလပ်ချိန်တိုင်းအမေ့ရဲ့စာသောက်ဆိုင်လေးဖြစ်တဲ့ ''အမေ့ရိပ်ထင်'' တဲ့ထမင်းဆိုင်လေးမှဝင်ရောက်ကူပေးလေ့လဲရှိသည်။ ဒေါ်သက်ထားမြင့်ဟာ သက်လွန်းခက်ရဲ့ကမ္ဘာပေါ်မှာတစ်ဦးတည်းသောကျန်တဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ သူရဲ့တစ်ဥ်ီးတည်းသောချစ်လှစွာသာ မေမေ။ သက်လွန်းခက်ရဲ့ဖေဖေဟာ သက်လွန်းခက် ၁၀ တန်းနှစ်ကတည်းက အသည်းကင်ဆာနဲ့လောကကြီးကနေအပြီးတိုင်ထွက်ခွာသွားလေသည်။ သူတို့မိသားစုဟာ အရမ်းကြီးမချမ်းသာလွန်းလှပေမယ့် ဆင်းရဲတဲ့ထဲတော့မပါပေ။ သက်လွန်းခက် မေမေဟာလဲသူဝါသနာပါတဲ့ထမင်းဆိုင်လေးဖွင့်ပြီး ပိုက်ဆံရှာသလို သက်လွန်းခက်လဲ ဆရာအလုပ်လေးလုပ်ပြီး ပိုက်ဆံရှာတယ်။ သူတို့သားအမိနှစ်ယောက်ရဲ့ဘဝဟာ အရာရာအဆင်ပြေတယ်ထင်ရမှာပေါ့ လွန်ခဲ့တဲ့အတိတ်တွေမှာခါးသီးမှုတွေကိုအံတုနိုင်ခဲ့လို့ခုချိန်သာယာနေကြသလိုလို။သက်လွန်းခက်ရဲ့နေ့စဥ်ဘဝဟာ စာသင်တယ် အမေ့ကိုကူတယ် အိပ်ချိန်လေးကျ နွေးထွေးစွာခိုဝင်ခဲ့ဖူးတဲ့ ရင်ခွင်တစ်စုံကိုလွမ်းတယ်။ အဲ့လိုနဲ့ပဲ ကျော်ဖြတ်လာခဲ့တာ အချိန်တွေတောင်ကုန်လာခဲ့ပြီ။

US Harvard University ''Hey...Kaung I'm call you a lot. What happen. Are you ok?''

ထိုသူဟာ ကောင်းခက်ထန်နဲ့ ၃ နှစ်ကျော်လုံးမှာရင်းရင်းနှီးနှီးစကားပြောဖူးတဲ့တစ်ယောက်တည်းသော ကောင်းခက်ထန်ရဲ့ စပိုင် ရုရှား ကပြားသားလေး Frich ပဲဖြစ်ပေသည်။

ကောင်းခက်ထန်က '' Oh..Sorrry Frich. I'm thinking of someone. I'm ok.''

Frich '' The person who from Mynamar, you're thinking of this one.''

ကောင်းခက်ထန် '' Inn....''

ကောင်းခက်ထန်လဲအတွေးတစ်ချို့ကိုရပ်ပြီး စာကိုသာအာရုံစိုက်လိုက်တယ်။ မကြာခင်မှာ သူဘွဲ့ရတော့မယ်။ သူဖြစ်ချင်တာတွေ သူလုပ်ချင်တာတွေသူလုပ်လို့ရတော့မယ်။ ကောင်းခက်ထန်ရဲ့အတွေးထဲ '' မကြာခင်မှာ မင်းပြောသလိုတွေဖြစ်အောင်လုပ်တော့မှာမို့......... သတိထားနေပေတော့......''

**ပထမဆုံး ရေးခြင်းဖြစ်သည့်အတွက် အမှားများပါခဲ့သည်ရှိသော် တောင်းပန်ပါတယ်ရှင်။ ဇာတ်လမ်းပါအကြောင်းရာများသည် စာရေးသူ၏ အတွေးသက်သက်သာဖြစ်သည်။ **

''Min''

Loved! Where stories live. Discover now