Part-5

27 4 0
                                    

''ကျွန်တော် ရဲ့သူဆိုတာ မိန်းကလေးလို့ ကျွန်တော်ပြောမိလား''

''ရှင်''

''ကျွန်တော့ရဲ့သူ လို့ပြောတာ ကောင်လေးမို့......မိန်းမတွေဆို သူမပြောမှာပေါ့...အမသေချာစဥ်းစားလေ'' လေသံမာမာကြောကြောဖြင့်ပြန်ပြောလိုက်ခြင်းဖြစ်သည်။

''အော်....ဟုတ်ကဲ့ဟုတ်ကဲ့ မောင်ခက်ထန် အဲ့ဆို ခက်ထန်ရဲ့ ကောင်လေးအကြောင်းနည်းနည်းလေးဖြစ်ဖြစ်ပြောပြပေးပါလားဟင်''

ထိုအချိန်တွေ comments ထဲမှာတော့ ''ကိုကိုကကောင်လေးရှိတယ်တဲ့ ရှပါပီ၊ အဟိ ကိုကို့ကိုရော ကိုကို့ကောင်လေးကိုရော ကြူးမယ်၊ ကိုကိုကောင်လေးကလဲ ကိုကို့လိုပဲချောမှာပဲနော် အိုက်စ် ကိုကိုရေ ကောင်လေး လင်းပါ'' ဟူသော မန့်များဖြင့်သာ ပြည့်နေတော့သည်။

''ဟုတ်ကဲ့အမ ၊ ကျွန်တော့ ကောင်လေးက ကျွန်တော့ထက်ငယ်တယ်၊ အသားရည်လေးကလဲ ဖြူဖွေးပြီး တစ်ကယ့် အကြည်ဓာတ်လေး (စာရေးသူပြောချင်တာတော့ ကိုယ့်ငါးချဥ် ကိုယ်ချဥ်နေတဲ့အမောင်ခက်ထန်) သူ့ရဲ့အရာရာတိုင်းကလဲ ကျွန်တော်မြတ်နိုးရာတွေရှိပဲ၊ အဲ့ဒီထဲမှာ ကျွန်တော်အမြဲ ကြည့်မိတိုင်း ရူးလောက်တဲ့ထိ အသေကြိုက်တာကတော့ သူမျက်ဝန်းတစ်စုံ အရမ်းပဲလူကိုစွဲလမ်းစေတယ် ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲမှ အပြုံးအရိပ်ရောင်လေးမြင်လိုက်ရရင်ကို ကျွန်တော်စိတ်ဆိုးပြေတယ်၊ သူပြောတဲ့စကားတိုင်းကိုလဲ ကျွန်တော်မြတ်နိုးတယ် ဒီလောက်လေးပဲ ပြောလိုက်တော့မယ် ဆက်ပြောရင် ကျွန်တော်ပြီးမယ်မထင်တော့ဘူးအမ သူက ကျွန်တော့အရာရာလေ''

''အမတောင် မင်းကောင်လေးပုံကို ပုံဖော်ကြည့်ပြီးချစ်လာပြီ''

''ဘာဗျ''

''အဲ့လို ပြောတာမဟုတ်ပါဘူး မောင်လေးတစ်ယောက်လိုချစ်တယ်ပြောတာပါ''

မျက်လုံးအတည်ကြီးနဲ့စိုက်ကြည့်နေသူကတော့ ခက်ထန်ပေါ့။

ထိုအချိန်တွင် ခက်ထန်ဖုန်းမှ noti ဝင်လာသဖြင့်
လက်ထဲတွင်ကိုင်ထားသော ဖုန်းမှ screen လင်းလာသောအခါ မြင်လိုက်ရသည့် wallpaper ကတော့ အင်္ကျီအညိုရောင်လေးနဲ့ ပြုံးရီနေတဲ့ တစ်စုံတစ်ယောက်ပုံ။ ထိုပုံကို မြင်ဖြစ်အောင်မြင်လိုက်တာကတော့ Live ကြည့်နေတဲ့ fan fan တွေဆိုပါတော့။

Loved! Where stories live. Discover now