Part-8

19 4 0
                                    

အချိန်တွေဟာတဖြေးဖြေးနဲ့ကုန်ဆုံးလာသလို ကောင်းခက်ထန်တစ်ယောက်လဲ စင်္ကာပူကိုကျောင်းတက်ရန်ထွက်သွားခဲ့လေသည်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုဘယ်သူမှ မသိသေးခင်ထိတော့ အရမ်းကိုသာယာတဲ့နေ့ရက်လေးတွေပါပဲ။

သက်လွန်းခက်တစ်ယောက်လဲ မြန်မာပြည်ကနေ သက်ဆိုင်သူလေးကို နေ့တိုင်းလွမ်းရင်းအချိန်ဟာကုန်ဆုံးလေတော့ ကျောင်းတက်ရမည့်အချိန်ကိုတောင်ရောက်လာခဲ့တော့သည်။ လွန်းခက်က မန္တလေးတက္ကသိုလ်မှာပဲ E major ကိုသင်ယူလေသည်။ လွန်းခက်ရဲ့အားသားချက်ကလဲ Eng ဘာသာပဲဆိုပါတော့။ ဒါကြောင် လွန်းခက်က Eng ကိုပဲအထူးပြုနေနဲ့ယူလိုက်တာပါ။ ဝါသနာပါတဲ့ ဘာသာကြီးရယ်တော့ မဟုတ်ပေ။

ကောင်းခက်ထန်လဲ အတန်းတက်တယ် စာလုပ်တယ် ညပိုင်းဆို အသဲအသက်လေးနဲ့စကားပြောတယ်။ ဒီလိုနဲ့သူတို့တွေဘယ်လောက်ပဲလွမ်းနေကြပါစေ အပြုံးလေးတွေနဲ့ အချိန်တွေကို ကုစားပြီးရှေ့ဆက်ကြ၏။ အချိန်တွေကို အပြုံးတွေနဲ့ ကုစားရင်း ကျောင်းတက်ချိန်တစ်နှစ်ပြီးဆုံး၍ ကောင်းခက်ထန်တစ်ယောက် မြန်မာပြည်ကိုပြန်ခဲ့တော့သည်။

''ချစ်သက်လေးရှိတဲ့ နေရာကို မောင်မကြာခင်လာတွေ့မယ်။ သိပ်ကိုလွမ်းနေပြီ ချစ်သက်လေးရယ်။''

ရန်ကုန်သို့ရောက်တော့ ကောင်းခက်ထန်တစ်ယောက်လဲ ဝယ်လာတဲ့ လက်ဆောင်တွေကိုပေးရင်း သူ့ရဲ့သက်ဆိုင်သူလေးအတွက်ဝယ်လာတဲ့လက်ဆောင်လေးကိုတော့ သေချာသိမ်းထားလေသည်။

''ဖေဖေ သား မန္တလေးသွားမို့ ဖေဖေ့အလုပ်ကိစ္စရှိရင် ကျွန်တော်ကိုပြောနော်ဖေဖေ တစ်ခါတည်းလုပ်ပေးခဲ့မို့''

''ဟုတ်ပြီသား အဲ့ဆို ဖေဖေ့ကို ကူညီပါအုံး''

သက်ဆိုင်သူလေးကိုလဲသွားတွေ့ရင်း အဖေ့အလုပ်ကိစ္စလဲကူရင်း ကောင်းခက်ထန်တစ်ယောက်ခရီးဆက်တော့သည်။

ဒီတစ်ခါတော့ သက်ဆိုင်သူလေးနဲ့ ဒုဌဝတီမြစ်နားသွားပြီး အပန်းဖြေကြမယ်ဆိုပြီး ကောင်းခက်ထန်တစ်ယောက်စီစဉ်ထားခြင်းဖြစ်သည်။

''မောင်လာပြီနော် ချစ်သက်လေး အိမ်ရှေ့ရောက်တော့မယ်''

''ဟုတ်ကဲ့မောင်''

Loved! Where stories live. Discover now