Part-10

27 2 0
                                    

သက်လွန်းခက်ရဲ့အမေဖြစ်သူ ဒေါ်သက်ထားမြင့်သည် သားဖြစ်သူကို အိမ်အမြန်ပြန်လာရန်ဖုန်းဆက်လိုက်သဖြည့် သက်လွန်းခက်လဲ အိမ်သို့သာ အတန်းပြီးတာနဲ့တန်းပြန်လာတော့၏။

''မေမေ သားပြန်လာပါပီ''

''ဖြန်း.......နင့်ကိုငါမွေးထားတာမှဟုတ်ရဲ့လားဟင်၊ နင့်မှာအဲ့လောက်တောင် ကြိုက်မယ့်သူရှားလား သက်လွန်းခက်''

''ဟင် မေမေက ဘယ်လိုဖြစ်ပြီးသိတာလဲ''

''အေးနင်မပြောတော့ငါကမသိရဘူးတဲ့လား ဟမ် ပြော
စမ်းပါအုံး ငါကနင့်အမေမဟုတ်တော့ဘူးလား ငါလိုအမေကိုမပြောပြနိုင်ရတဲ့ထိ နင်..နင် ငါ့သားမဟုတ်တော့ဘူးလား''

''ဟင့် မေမေ...မေမေ သားပြောပါရစေ၊ မေမေ့ကိုမပြောပြမိလို့သားမှားတာ ဟုတ်ပါတယ် ဒီကိစ္စမှာသားမှားတယ် မေမေ၊ ဒါပေမယ့်...ဒါပေမယ့်လေ.သားကမေမေ့ကိုဘယ်လိုမျက်နှာနဲ့ သားက ယောကျာ်းလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုတာ ဘယ်လိုပြောထွက်မှာလဲ၊ မေမေပြောတဲ့ မေမေလိုချင်နေတဲ့ မြေးလေးတွေနဲ့ မိသားစုဘဝလဲ သားမတည်ဆောက်ပေးနိုင်တာကို သားကဘယ်လို..အင်အားမျိုးနဲ့သားပြောပြရမှာလဲ....ကျွန်တော်အတတ်နိုင်ဆုံး ဒီလိုတွေမဖြစ်အောင် ထိန်းခဲ့ပါတယ် မရခဲ့ဘူး မေမေ။ ကျွန်တော်သိပ်ချစ်မိသွားပြီ။ လူတစ်ယောက်က လူတစ်ယောက်ကိုချစ်မိတာလို့ပဲ မြင်ပေးပါမေမေ။ ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကိုဆိုပြီး မမြင်ပါနဲ့။''

''မေမေ့ သားရယ်။ ဒီကိစ္စမျိုးကို သားက မေမေ့ကိုမပြောရင် ဘယ်သူ့ကိုပြောမှာလဲကွယ်။ သားမှာမေမေတစ်ယောက်ပဲရှိတော့တာလေ။ မေမေ့ကလေ..မေမေက သားကို မဆူပါဘူးကွယ်။ ငါ့သားရွေးချယ်မှုကိုပဲ မေမေကလက်ခံပေးရမှာပေါ့။ ငါ့သားလေးဘယ်လောက်ပင်ပန်းနေလိုက်မလဲ''

''ကျေးဇူးတင်ပါတယ်မေမေ သားသိပ်ပျော်တယ်မေမေ
ဒီဘဝမှာ မေမေ့စီမှာ လူလာဖြစ်ရတာ သားသိပ်ကံကောင်းတယ်မေမေရာ''

ဒီလိုနဲ့ လွန်းခက်တို့သားအမိလဲ အပြန်အလှန်နားလည်ကြရင်း အဆင်ပြေသွားတော့သည်။ သားသမီးရဲ့ဖြစ်တည်မှုကို လက်ခံပေးတဲ့ မိဘစီမှာ ကြီးပြင်းရတဲ့လွန်းခက်ကတော့ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်သော်လည်း
ခက်ထန်ဘဝကတော့.......

''ဒီမှာ ကောင်းခက်ထန် သားအနေထိုင်ဆင်ခြင်ပါ မင်းဖေဖေပြောတဲ့ သမီးလေး ခင်မြတ်မိုးနဲ့ မင်းလက်ထပ်ရမယ်။''

''မေမေတို့ကမဟုတ်သေးဘူးဗျာ..
အေးပေါ့လေ မေမေတို့ကဘယ်ခံစားတတ်ပါ့မလဲ
ဖေဖေတစ်ယောက်တည်းနဲ့ကြိုက်ပြီး ဖေဖေ့ကိုပဲယူပြီး
မိဘကလဲ သဘောတူတဲ့အချစ်ရေးမျိုးမှာ သာယာခဲ့တာ
ဆိုတော့........သားကိုဘယ်ကိုယ်ချင်းစာပါ့မလဲ
ဘာတဲ့ မေမေပြောတဲ့ ဂုဏ်သိက္ခာက သားပျော်ရွှင်မှု
ထက်အရေးကြီးတယ်လား ဟုတ်မှာပါလေ မေမေတို့က
သိပ်အတ္တဆန်တယ် အဲ့ကြောင့်ကိုကိုက..''

''ကောင်းခက်ထန် မင်းပါးစပ်ကိုပိတ်ထားလိုက်တော့''

''ပိတ်မှာပါ မေမေ..ကျွန်တော်တို့ညီကိုနှစ်ယောက်ကပဲ
မေမေတို့စီမှာ လူလာဖြစ်မိလို့ ဒီဘဝမှာဒီဝဋ်တွေခံနေရ တယ်ပဲမှတ်လိုက်ပါ့မယ်''

ကောင်းခက်ထန်တစ်ယောက်လဲ အခန်းထဲပိတ်လှောင်ခံထားရတဲ့ အချုပ်သားပမာအဖြစ်သို့ရောက်ရှိသွားပြီး
သက်လွန်းခက်နဲ့လဲအဆက်သွယ်ဖြတ်ခံထားရခြင်းဖြစ်သည်။ ထိုအချိန်တွင်ကောင်းခက်ထန်နှုတ်မှအမြဲဆိုနေတဲ့ စာသားကတော့

ဘဝမှာတစ်ခါပဲချစ်ခွင့်ရမယ်ဆို
တစ်သက်မှာတစ်ယောက်ပဲချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးကပြောင်းလဲခဲ့မယ်ဆို
မင်းကို ချစ်စိတ်
ဘယ်ခါမှမပြောင်းလဲ

အချစ်...
သိပ်ကိုနက်နက်တဲ့
မျက်ဝန်းရယ် အပြုံးရယ် နှုတ်ခမ်းပါးရယ်

''လွမ်းတယ်မောင်ရယ် သတိရတိုင်းပြေးတွေ့ချင်မိတယ်
ယောကျာ်းနှစ်ယောက်ချစ်တာမို့ သဘောမတူနိုင်တာတဲ့
လား မောင်နဲ့သက်တို့ ဇာတ်လမ်းမှာ တွေ့ဆုံမှုကမှားခဲ့တာ
လားဟင် ခွဲတူတူသေခွဲပဲ ခွဲချင်တယ်မောင်ရယ်။ ဒီလို
မျိုးအချိန်တွေကိုကုန်တာမြန်စေချင်တော့တယ်။ ဘာပဲ
ဖြစ်ဖြစ်ပါမောင့်နားကို မဖြစ်ဖြစ်တဲ့နည်းနဲ့လာမှာမို့ စိတ်
ချပါမောင်'' သက်လွန်းခက်လဲအတွေးထဲမယ်ဒီလိုမျိုးသာ တွေးနေလေတော့သည်။

ကံကြမ္မာကြီးကအရမ်းလှည့်ကွက်ဆန်တယ်။ အချစ်စစ်မှန်ရင် ဘယ်လမ်းမှမဖြောင့်ဖြူးဘူး ဆိုတဲ့စကားဟာ သက်လွန်းခက်တို့ အတွက်မှန်ကန်လွန်းလှပေသည်။

Loved! Where stories live. Discover now