Part-4

28 6 0
                                    

ကောင်းခက်ထန်သည် အဘိုးဖြစ်သူ၏ company "M'' ဆိုသည့်တစ်လုံးတည်းနဲ့သာ တည်ထောင်ထားသည့် လုပ်ငန်းအား ယနေ့မှစ၍ စတင်ဦးစီးတော့သည်။
အဘိုး၏လူယုံ၏သားဖြစ်သူ ကိုအောင်မြတ်ဆက် သည် ခက်ထန်၏ အတွေးရေးမှုုးအဖြစ်တာဝန်ယူဆောင်ရွက်လေသည်။ ခက်ထန်ကိုယ်တိုင် အင်တာဗျူး၍ နေရာများစနစ်တကျ ချပေးပေတော့ ၁ လဆိုသည့်အချိန်အနေထားတွင် လုပ်ငန်းလည်ပတ်မှုသည် အရင်ကထက်ပိုမိုကောင်းမွန်လာတော့သည်။ အချို့အဝတ်စားများကို ခက်ထန်ကိုယ်တိုင် မော်ဒယ်အဖြစ်ပါဝင်သရုပ်ဆောင်တော့ မိန်းကလေးများကြားတင်သာမက ယောကျာ်းလေးများကြားတွင်သာ ရေပန်းစားနာမည်ကြီးသည်ထိဖြစ်သွားတော့သည်။

သတင်းတွေ social media တွေမှာလဲ ခက်ထန်ရဲ့ company အကြောင်းနဲ့ ခက်ထန်ရဲ့အကြောင်းတွေနဲ့သာပြည့်နေတော့သည်။

''စီးပွားရေးနဲ့ ကျောင်းပြီးထားသောသူက စီးပွားရေးလုပ်တာအောင်မြင်တာမဆန်းပါဘူးလေ ဒါပေမယ့် ဘာကြောင့် Phycho ဘွဲ့ကယူထားတာလဲဆိုသည့် '' စကားသံများဟာလဲ ပျံ့နှံ့နေ့တော့သည်။

ထိုသတင်းများကိုမြင်သည့် တစ်စုံတစ်​ယောက်ကတော့ ပျော်ရွှင်မှု ဝမ်းနည်းမှုနဲ့သာ...ပြောစရာများပျောက်ဆုံးနေတော့သည်။

'' ဘာပဲဖြစ်ဖြစ် မျက်နှာလေးတော့ ပြန်လည်ပေါ်လာပေးတော့ ကျေးဇူးပါ မောင်......သိပ်ကိုလွမ်းနေခဲ့တာ'' ထိုစကားကို ခက်ထန်ကြော်ငြာထားသော အင်္ကျီပုံလေးအား ကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်။

ခက်ထန်၏အတွင်းရေးမှုုးဖြစ်သူ ကိုအောင်မြတ်ဆက်သည်ခက်ထန်အားးး

'' ခက်ထန် media တော်တော်များများက မင်းနဲ့တွေ့ပြီး အင်တာဗျူးချင်နေကြတယ်။ ငါ့စီဖုန်းဆက်ကြတာမနည်းဘူး မင်းဘယ်လိုသဘောရလဲ။''

ကိုအောင်မြတ်ဆက်နဲ့ ခက်ထန်သည် အလုပ်ရှင်နဲ့အလုပ်သားထက် ညီအကိုဆက်ဆံရေးမျိုဆိုပိုမှန်ပါလိမ့်မည်။

''ဟုတ်ပီလေ ကိုဆက် အဲ့ဆို ကိုဆက်ပဲစီစဥ်လိုက် ကျွန်တော် လူအများကြီးနဲ့မပြောချင်ဘူး တစ်ယောက်တည်းနဲ့သီးသန့်လေးတော့လုပ်ပေးဆိုပြီး'' ခက်ထန်ကပြောပြီး သူ့အလုပ်သူသာဆက်လုပ်လေသည်။

Loved! Where stories live. Discover now