Part-9

17 3 0
                                    

ကောင်းခက်ထန်လဲစာကို သေချာသင်ယူလေ့လားရင်း နောက်ဆုံးနှစ်ရဲ့ စာမေးပွဲ ဖြေပြီးတော့ မြန်မာနိုင်ငံကိုပြန်လာခဲ့တော့သည်။ စိတ်ထဲတွင်တော့ အရင်တိုင်းအကုန်အဆင်ပြေနေတုန်းပဲလို့ထင်ထားခဲ့တော့သည်။ သို့သော်.... မထင်မှတ်ထားတဲ့ အဖြစ်ပျက်တွေလာတော့မယ်ဆိုတာ သူကြိုသိခဲ့ရင်.....

''သားငယ်လေးး ပြန်လာပြီလား မေမေကလွမ်းနေတာသားရယ်''

''တူတူပါပဲဗျာ ဖေဖေရော မေမေ''

''သားဖေဖေ သူ့ company မှာ''

''ဟုတ်မေမေ''

ခက်ထန်လဲအခန်းထဲသွားပြီး ချစ်ရသူလေးထံဖုန်းခေါ်လိုက်တော့သည်။

''ချစ်သက် မောင်ပြန်ရောက်ပီ''

''ဗျာ တစ်ကယ်လားမောင် မောင်ကကွာ ပြန်လာတာကိုတောင် မပြောဘူး''

''ဟောဗျာ ရွှေစိတ်တော်တော့ မညှိုးပါနဲ့ အသဲအသက်ရယ် ကျွန်တော်မျိုးခုမှပြန်ရောက်တာမို့ပါ''

''မောင်ကလဲ လူကိုအမြဲစိတ်ကောက်တဲ့သူလို့ ထင်နေတာလား''

''ဟောဗျာ မထင်ပါဘူး ဒီကမောင့်ကလေးလေးက ဘယ်လိုနေနေချစ်စရာလေးပါကွာ''

''ဟီးချစ်တာအဲ့တာတွေကြောင့်မောင့်ကို''

''အဲ့ဆိုလဲချစ်ပါဗျာ မောင်နားအုံးမယ်နော် ကလေး''

''ဟုတ်ကဲ့ပါဗျ''

လွန်းခက်လဲ ဒုတိယနှစ် ပြီးတော့မှာမို့ စာနဲ့သာအချိန်ကုန်နေတော့သည်။ လွန်းခက်အကြောင်းကို လွန်းခက်ရဲ့ အမေဖြစ်သူကတော့ ခုချိန်ထိ မသိသေးပါ။

''မေမေ သား ဒုတိယနှစ်ပြီးရင် ဘာလက်ဆောင်ပေးမှာလဲဟင်''

''သားကြိုက်တယ်လို့ပြောထားတဲ့ ဟိုနေ့က အညိုရောင်ဝတ်စုံအတွဲလိုက်ဝယ်ပေးမယ်''

''ဟိအဲ့တာတွေကြောင့် မေမေ့ကိုချစ်နေရတာဗျာ''

''လူလည်လေး''

ခက်ထန်တွက်တော့ ကျောင်းပြီးရင် မြန်မာနိုင်ငံမှာ ဘာတွေဘယ်လိုအကောင်ထည်ဖော်မယ် အလုပ်လုပ်မယ် ပြီးရင် ချစ်ရတဲ့ ချစ်သက်လေးနဲ့ ဘဝလေးတည်ထောင်မယ်ဆိုတဲ့ရည်မှန်းချက်လေးတွေကတော့...... အဖေဖြစ်သူရဲ့စကားမှာအကုန်ပျောက်ဆုံးကုန်တော့သည်။

Loved! Where stories live. Discover now