အဖေဖြစ်သူ ဦးမြင့်ထန်ကျော်သည် သားပြန်ရောက်နေသည်ဆိုသည့်အတွေးနဲ့တင် လွန်စွာဝမ်းမြှောက်ပြီး သားဖြစ်သူကို ချက်ချင်းဆိုသလို သွား၍ပွေ့ဖက်ချင်သော်လည်း စိတ်ထဲတွင် သူပြောခဲ့သော စကားတစ်ခွန်းကို ပြန်မှတ်မိသောအခါဝယ်........
''မင်းလိုကောင်ကို ငါ့သားလို့မသတ်မှတ်နိုင်တော့ဘူး
မင်းကြိုက်ရာမင်းလုပ်မယ် ငါစကားလဲနားမထောင်ရင် ငါ့အိမ်ကဆင်းဟေ့ ယျောင့် မင်းကိုတင်ကြွေးမထားနိုင်ဘူး
မင်းပြန်လဲမလာခဲ့နဲ့ မင်းငါ့အိမ်ကိုလဲ ဘယ်တော့မှ အရိပ်တောင်လာမနင်းနဲ့''ထိုစကားကိုတွေးမိသောအခါ သားအခန်းဖက်ခြေဦးလှည့်နေသော ခြေထောက်များဟာ သိသိသာသာ မလုပ်ရှားတော့ပါ။ သွားရာလမ်းပြန်လှည့်၍ သူတို့အိမ်ခန်းထဲကိုသာ ဝင်ခဲ့တော့သည်။
မနက်မိုးလင်းသောအခါ ပုံမှန်ဆို အလုပ်ကို ၇နာရီတီးတာနဲ့ သွားတတ်သော ဦးမြင့်ထန်ကျော်သည် ဒီနေ့တွင်တော့ သားဖြစ်သူများ ဆင်းလာမလားဆိုသည့်အတွေးနဲ့ မနက်စာစားရင်း စောင့်နေသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ စောင့်ရင်း အပေါ်ထပ်မှ T-shirt အမဲကိုဘောင်းဘီတို ခဲလေးနဲ့တွဲဝတ်ပြီး မနက်စာစားရန်ထွက်လာသော ကောင်းခက်ထန်သည် အဖေဖြစ်သူကို မြင်သည့်အခါ ချက်ချင်းပင်ဆိုသလို မျက်နှာပြောင်းသွားလေသည်။
''မေမေသား တော်ကြာမှလာစားတော့မယ်..သားအပေါ်ပြန်တက်တော့မယ်''
''ဒိီမှာဟျောင့် ငါရှိနေလို့မစားတာဆိုရင် ငါထပေးမယ်...မင်းကိုရော ငါကမြင်ချင်တယ်ထင်လားကွ''
'' အဖေက ကျွန်တော့ကိုမြင်ချင်လို့ထိုင်စောင့်နေတယ်မပြောမိပါဘူး..ကိုယ်ဘာသာကိုယ် စားရင်လဲအစားမဝင်တာကြိုသိနေလို့... ပြီးမှစားမို့ပါ''
''အေးးမင်းးကြပ်ကြပ်လုပ်''
''ဟုတ်အဖေ''
''ငါကွာ'' ထိုကဲ့သို့ပြောပြီးအဖေဖြစ်သူဟာ ထမင်းစားခန်းထဲကထွက်ပြီးအလုပ်ကိုသာ သွား၏။
တစ်ကယ်တော့ ဦးမြင့်ထန်ကျော်စိတ်ထဲမှာ သားလေးကိုတွေ့တာနဲ့နွေးထွေးစွာ စကားပြောမယ်ဆိုထားသော်လည်း ယောကျာ်းသားဖြစ်သည့် အလျောက် သူနိုင်ကိုယ်နိုင်ပြန်ပြောလိုက်တဲ့ အခါမှာတော့ သားအဖနှစ်ယောက်ဆက်ဆံရေးဟာ ပိုပြီးခါးသီးသွားလေခြင်းသာဖြစ်သည်။
YOU ARE READING
Loved!
Romanceချစ်ရတာက ပင်ပန်းလွန်းတယ်ထင်လို့ ပြောင်းမုန်းပစ်ချင်ပီ။ (ဇာတ်လမ်းဇာတ်အိမ်များသည်စာရေးသူ၏စိတ်ကူးသာဖြစ်သည်။) bl fic အမျိုးအစားမျိုးဖြစ်ပြီး စာရေးသူ၏စိတ်ကူး ထဲကအကြောင်းရာများသာဖြစ်သည်။