Part-6

24 3 0
                                    

အတိတ်ဆိုတာ လူတိုင်းမှာရှိတတ်ကြတာပါပဲ။ တစ်ချို့အတိတ်တွေက ပျော်ရွှင်မှုတွေနဲ့ပြည့်နက်နေသလို တစ်ချို့အတိတ်တွေကျ နာကျဥ်စရာတွေနဲ့ပြည့်နေတတ်တယ်။ အတိတ်မှာ လွမ်းမောဖွယ်အမှတ်တရတွေရှိသလို
ပြန်မစဥ်းစားချင်လောက်တဲ့ထိ နာကျီးမုန်းတီးမှုတွေလဲ ရှိနေတတ်တယ်။ ထိုသို့သောအတိတ်မျိုးဟာလဲ
ကောင်းခက်ထန်နဲ့ သက်လွန်းခက်တို့နှစ်ဦးစီမှာလဲ ရှိတယ်ဆိုပါတော့။ လွန်ခဲ့သော (၈) နှစ်ခန့်က.........

''သားငယ်လေး ဖေဖေ ကိုတစ်ခုကူညီကွာ ဖေဖေအလုပ်ကိစ္စနဲ့မန္တလေးသွားရမယ့် အလုပ်တစ်ခုရှိတယ်။ အဲ့တာ ဖေဖေ့အစား သားငယ်မန္တလေးကိုသွားပေးကွာ'' လွန်ခဲ့သော အတိတ်တွေမှာတော့ ဦးမြင့်ထန်ကျော်လဲ ထိုကဲ့သို့သော အပြောကောင်းတဲ့ လူကြီးတစ်ဦးဖြစ်၏။

''ဟာဗျာ ဖေဖေကလဲ။ သားကိုဘာပြန်ပေးမှာလဲ''

''ပြန်လာရင်သားလိုချင်တာ တောင်းကွာ''

''ဟုတ်ပီ ဖေဖေ။ သားသွားပေးမယ်''

ကောင်းခက်ထန်လဲ ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာမနက်ခင်းမှာ ခရီးစလေတော့သည်။ အဖေဖြစ်သူက ကိုယ်ပိုင် driver နဲ့လွှတ်လိုက်သည့်အတွက် လမ်းခရီးတွင်တော့ အဆင်ပြေလှသည်။

ည(၁၀) နာရီတွင်တော့ မန္တလေးမြို့သို့ရောက်ခဲ့သည်။ ကောင်းခက်ထန်လဲ ပင်ပန်းလွန်းလှသဖြင့် ရောက်ရောက်​​​
ခြင်း ဟိုတယ်၍ အနားယူတော့သည်။ နောက်နေ့မနက်တွေတော့ အဖေအလုပ်ရှိရာနေရာသို့သွားပြီး meeting စလုပ်လေတော့သည်။အချိန်အားဖြင့် ၃ နာရီကျော်လောက် meeting လုပ်ပြီးချိန်တွင် အလုပ်ကိစ္စများအကုန်ပြီးပြတ်တော့သည်။

''ဒီလိုညနေခင်းအချိန်လေးမှာ ဥပိန်မယ်လမ်းသွားလျှောက်ရင်း နေဝင်ဆည်းဆားကြည့်ရမယ်''

ကောင်းခက်ထန်လဲ driver ကို ဥပိန်တံတားကိုလိုက်ပို့ခိုင်းတော့သည်။

''လှလိုက်တာ သဘာဝကြီးရယ် ငြိမ်သက်နေတဲ့ ရေပြင်ကျယ်ပြီးရယ် မကြာခင်ဝင်တော့မယ် နေရောင်ခြည််ရယ်နဲ့ လှပလွန်းတယ်ဆိုတာထက်ပိုလွန်းတယ်''

သည်လိုနဲ့ငေးမောကြည့်နေရင်း မြင်ကွင်းထဲဝင်လာတဲ့ တစ်စုံတစ်ယောက်ကြောင့် ကောင်းခက်ထန် ခဏတာမျှငြိမ်သက်သွား၏။ အင်္ကျီအညိုလက်ရှည်လေးနဲ့ ပုဆိုးအနက်လေးကိုတွဲ၍ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင် ကောက်ကောက်လေးများက နဖူးပြင်ပေါ်တွင်ကျရောက်၍ ညှိုအားပြင်းလွန်းလှသည် မျက်ဝန်းတစ်စုံပိုင်ရှင်လေးဟာ ကောင်းခက်ထန်ရှေ့ ဖြတ်သွားလေသည်။

Loved! Where stories live. Discover now