Part-2

44 4 0
                                    

1.2.2023 (Tuesday ) 2:20Pm

ဒီနေ့ဟာဆိုရင်တော့ ကောင်းခက်ထက်ရဲ့ Harvard University ရဲ့ကျောင်းဝန်ထဲမှာနောက်ဆုံးအတန်းချိန်တွေထိ ကုန်ဆုံးခဲ့ပြီး Psycho ဘွဲ့ယူရမယ့်နေ့ဖြစ်၏။ ကောင်းခက်ထဲ အတွေးထဲမှာ မျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့လေပြီဆိုပြီး ပျော်ရွှင်ခဲ့ရတဲ့ US ရောက်တုန်း ပထမဆုံးပျော်ရွှင်စွာ ပြုံးမိတဲ့ အထူးနေ့တစ်နေ့လေးဖြစ်ပေသည်။ ထိုအချိန်ကောင်းခက်ထန်စိတ်ထဲမှာ ဝင်လာတဲ့အတွေးတစ်ချို့လဲရှိပေသေးသည်။

''လွမ်းတယ်..ခဗျားရယ်..ဒီလိုနေ့ ဒီလိုချိန်မျိုးမှာ ခဗျားသာရှိရင် ကျွန်တော်ထက် ခများကပိုပြီး ပျော်နေမှာ။
ခဗျားမျက်နှာ တည်တည်ကြည်ကြည် မျက်ခုံးထူထူအောက်က မျက်ဝန်းတစ်စုံကလဲ ပျော်ရွှင်မှုကြောင့် ကျတဲ့​မျက်ရည်စလေး များဟာ ခဗျားရဲ့မျက်နှာမှာ ကျွန်တော် အသေမြတ်နိုးမိတယ်ဆိုတဲ့ ပါးပြင်ပေါ်ကို စီးဖြတ်သွားအုံးမှာ အသေအချာပဲ။''

Frich က ကောင်းခက်ထန်အနားရောက်လာပြီး

''Are you missing someone?''

''Oh...I'm miss my love''.........ကောင်းခက်ထန်ထိုစကားကို သက်ပြင်းချင်ပြီးပြန်ဖြေလေသည်။

တစ်ဖက်မြန်မာနိုင်ငံ မန္တလေးမြို့တွင်တော့ သက်လွန်းခက်တစ်ယောက်

''ငါဒီနေ့ဘာလို့ အရင်နေ့တွေနဲ့မတူပဲ သွက်လက်ပေါ့ပါးနေတာလဲ။ စိတ်ထဲမှား တစ်စုံတစ်ခုကြောင့် ပျော်နေသလိုကြီးပါလား။ ဟာ....ငါရူးနေပြီထင်တယ်။ ဒီလိုမျိုးသာ ရူးမယ်ဆို မိုက်တော့မိုက်သား အနည်ဆုံးတော့ စိတ်လေးအေးချမ်းရတယ်။''

အချစ်ဆိုတာဒီလိုမျိုးလေ မမြင်ရမတွေ့ရမကြားရသည်ထား​တော့ ကိုယ်ချစ်ရသူရဲ့ ပျော်ရွှင်မှုကို မသိပေမယ့် ကိုယ်ပါလိုက်ပြီး ခံစားမိစေတာမျိုး။ အချစ်ရှိရာအရပ်သည် နွေးထွေးပြီး အချစ်မရှိ​​​သည့် ​အရပ်သည် ပူပြင်းခြောက်သွေ့လွန်းလှပေသည်။ မခံနိုင်သော နှလုံးသားတွေဟာဖြင့် အချစ်မရှိသည့်ရပ်ဝန်း၏ ပူပြင်းမှုဒဏ်ကိုခံရပြီး ကျွမ်းရလောက်တဲ့ထိ ဖြစ်ရပေသည်။

မိနစ်အနည်းငယ်ကြာတော့........
သားဖြစ်သူရဲ့ပုံစံကိုကြည့်ပြီး အမေက ''ဟဲ့သား ဘာတွေတွေးပြီးပြုံးနေတာလဲ စာသင်ဖို့ရှိတယ်ဆို သွားမှာဖြင့်မသွားဘူး ကားက်ိုဖြေး​ဖြေးမောင်းနော်''

Loved! Onde histórias criam vida. Descubra agora