“ အခုကဘာဖြစ်လာတာလဲ… ငါနင့်ကို လျိုကန်းနဲ့ပြန်ပေါင်းထုပ်ဖို့ မပြောခဲ့ဘူးလား… ဘာလို့များ သစ်တုံးတစ်တုံးလို မြေပေါ်မှာ ထိုင်နေရတာလဲနော်… နင်ဒီထက်ပိုပြီး နူးညံ့အောင် မပြောတတ်တော့ဘူးလား… ငါနင့်ကို ဒီလောက်ထိ အရွယ်ရောက်အောင် ပျိုးထောင်လာရတာ နင်ကတော့ ဒီလိုရိုးရှင်းတဲ့ အလုပ်ကိုတောင် မလုပ်နိုင်ဘူး… နင့်မောင်လေးက အခုထိ အစားစားဖို့ စောင့်နေတာကို… ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ မိန်းမပျက်ရဲ့…”

လင်းမူ(လင်းအမျိုးသမီး) နှင့် သူမ၏သမီးတို့ ပြန်လည်ဆုံတွေ့ကြချိန်တွင် သမီးဖြစ်သူအတွက် ချစ်ခင်စိတ်အနည်းငယ် ကျန်ရှိနေခဲ့သေးသည်။ သို့သော်လည်း ထိုအချစ်မှာ သူမခင်ပွန်းနှင့် သားတို့ဖြင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။ ထို့ထက်ပိုသည်မှာ လျိုကန်း၏ ထွက်ခွာသွားမှုနှင့်အတူ သူတို့၏ဘဝမှာ တဖြည်းဖြည်း ဆင်းရဲတွင်းနက်ကာ နိမ့်ကျလာခဲ့သည်။

“ငါတွေ့တာသာ မှန်မယ်ဆိုရင် ခုဏတုန်းက လူအုပ်ထဲမှာ ဝူဝမ်ယွီလည်း ရှိတယ်မလား… သူတို့က အခု အရမ်းအခြေအနေ ကောင်းနေတာကို နင်ဘာလို့ သူ့ကို သွားမရှာရတာလဲ… အရင်တုန်းက နင်တို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား ဟမ့်… နင်ဘာလုပ်ခဲ့တာလဲ… သူ့ကို စော်ကားခဲ့တာလား… ငါပြောလိုက်မယ် နင်သာ ငါ၊ နင့်အဖေနဲ့ နင့်မောင်လေးတို့ကို ဆွဲချရဲလို့ကတော့ ငါတို့နင့်ကို ဘယ်လိုမျိုး ကောင်းကောင်းသမ မလဲဆိုတာ ကြည့်လိုက်… နင်က အကျိုးမရှိတဲ့ ပစ္စည်းတစ်ခုပဲ… ဘာလို့များ စွမ်းရည်နိုးထအောင် မလုပ်နိုင်ရတာလဲနော်…”

လမ်းကြားထဲတွင် ဆဲဆိုကြိမ်းမောင်းသံများမှာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ လင်းမုန့်ဖေး သူမမိခင်၏ ဆွဲဆိတ်ခြင်း၊ ဆဲဆိုခြင်းနှင့် ရိုက်နှက်ခြင်းတို့အပေါ် ထုံနေပြီဖြစ်သည်။ သူမ၏စိတ်ထဲတွင် ယခင်အချိန်များထဲက မင်းသမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေသောဝူဝမ်ယွီမှာ ကြယ်ပွင့်များဖြင့် ဝန်းရံခံထားရသော လမင်းတစ်စင်းဟူ၍ ထပ်ခါတလဲလဲ အော်မြည်နေခဲ့သည်။ မနာလိုခြင်း၊ နောင်တနှင့် ဝမ်းနည်းခြင်းကဲ့သို့သော ခံစားချက်အမျိုးစုံမှာ သူမ၏ရင်ဝအထိ ဆောင့်တက်လာခဲ့သည်။ ရယ်ရွှင်ဖွယ် အကောင်းဆုံးအရာမှာ သူမတိတ်တဆိတ် မနာလိုမိသည့် အချိန်အတွင်း တစ်ဖက်လူမှာမူ သူ၏အနောက်ရှိ သူမအား မေ့လျော့သွားခြင်းပင်။ ထိုမျှသာမက သူမအခြေစိုက်စခန်းတွင် နေစဉ်အတွင်း ထိုသူ၏ ကာကွယ်ရေးဒိုင်းကာကိုသာ မှီခိုနေရလေရာ လင်းမုန့်ဖေးအတွက် ပို၍ပင် ဆိုးရွားသွားပြီး အဓိပ္ပါယ်ကင်းမဲ့နေရသည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now