Boss Baby ဟမ်းစတားလေး ဝူယိ

489 49 0
                                    

Chapter 31
September 21, 2023

🐹 အခန်း ၃၁

ဝူယိလေးရဲ့ လုံခြုံမှုက အားလုံးအပေါ် မူတည်နေတယ်

ချစ်စဖွယ်အရာလေးအား ပိုင်ဆိုင်ထားသူ နျဲ့ရှောင်အားကြည့်ရင်း ထိုနေရာတွင် ရှိနေကြသူများမှာ သံပုရာသီးစားရသည့် မျက်နှာများနှင့် တူလာကြသည်။

အာ.. ဒီဒယ်ဒီက အရမ်းကံကောင်းတာပဲ..

ချဉ်လိုက်တာနော်..

ဆန်မုန့်လုံးလေး၏ “ပွေ့ဖက် နမ်းရှုံ့ခြင်း” လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်အခါတွင် နျဲ့ရှောင်သည် သူ၏လက်ဖဝါးအား ဆန့်ကာ ဆန်မုန့်လုံးလေးအား သူ၏ပုခုံးထက်မှ ဆင်းစေပြီး ပင့်ချီ မြှောက်ချီ ပြုလုပ်ပေးနေသည်။

ထို “ပွေ့ဖက်၊ နမ်းရှုံ့၊ ပင့်မြှောက်” ဖြစ်စဉ် တစ်ခုလုံးအား  ဆက်တိုက်ပြုလုပ်ပေးပြီးနောက် အငိုအိတ်ကလေး၏ မျက်ရည်များ ရပ်တံ့သွားပြီး နျဲ့ရှောင်၏ ရင်ဘတ်ပေါ်တွင် နာခံလိုက်နာသည့် အမူအရာဖြင့် ချစ်စဖွယ်ကောင်းစွာ ထိုင်နေလေသည်။

အပြစ်ရှိတဲ့ ဒယ်ဒီ့ကို လုံးဝ ခွင့်လွှတ်ပေးလိုက်ပြီ..

ဤအချိန်တွင်မူ အခြားသူများသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက် အနားသို့ ရောက်ရှိလာကြသည်။ သူတို့သည် နျဲ့‌ရှောင်၏ ရင်ဘတ်ပေါ်ရှိ ဆန်မုန့်လုံးလေးအား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြပြီး ဟမ်းစတားလေးအနားတွင် ဝိုင်းအုံလျက် ရှိနေကြသည်။

ဟမ်းစတားလေးသည် ကြီးမားသည့် မျက်နှာကြီးများအား ကြည့်လိုက်ပြီးနောက် သူ၏ လျှို့ဝှက်ချက်သေးသေးလေးမှာ ဖော်ထုတ်ခံလိုက်ရပြီကို နားလည်သဘောပေါက်သွားလေသည်။ ချက်ချင်းပင် ကြောက်ရွံ့မှုကြောင့် မျက်ရည်များကျဆင်းလာပြီး နျဲ့ရှောင်၏ အင်္ကျီအိတ်ထဲသို့ ဝင်ပုန်းလေသည်။

ချိဝူးးးးး ပေါင်ပေါင်းကို နတ်သားလေးလိုမျိုး ခေါ်သွားပြီး ဆက်ဆံကြတော့မှာ.. QAQ

နျဲ့ရှောင်သည် ထိုအချိန်တွင် ကောင်ငယ်လေး၏ အတွေးလေးများအား ကြားနေသကဲ့သို့ သူ၏ အင်္ကျီလက်ထဲမှ တုန်ယင်နေသည့် အမွေးလုံးလေးအား ထိလိုက်သည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now