chapter 67

207 27 0
                                    

Chapter 67
November 25, 2023

🐹အခန်း ၆၇

ဝူယိလေး၏ အပြန်ခရီးစဉ်

ကမ်းခြေသို့ ဦးတည်နေသော ထရပ်ကားပေါ်တွင် ထိုင်နေသည့်တိုင် အဝေးမှ နှုတ်ဆက်သံများအား ကြားနေရဆဲ ဖြစ်သည်။ ခွဲခွာရခြင်း၏ ဝမ်းနည်းမှုမှာ ထရပ်ကားပေါ်ရှိ လေထုအား မွန်းကြပ်လာစေသည်။

နင်ဖုန်း၏ မျက်လုံးများ အနည်းငယ် နီရဲနေသော်လည်း တိတ်ဆိတ်မှုအား ဖြိုခွင်းရန် ရယ်မောရင်း ပြောလိုက်သည်။

“သူတို့အဲလိုအော်နေမှတော့ အနီးအနားမှာရှိတဲ့ ဇွန်ဘီတွေကို ဆွဲဆောင်မိမှာ သေချာတယ်..”

သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ ခေါင်းလေးအား လက်ဖြင့်အသာပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျီးကန်းပါးစပ် မဖြစ်စေနဲ့ကွ..”

တဖြည်းဖြည်း ဝေးကွာလာသော ဟိုင်ချန်အခြေစိုက်စခန်းအားကြည့်ကာ မော့ယန်နှင့် ပိုဆီယာသည်လည်း ပုံမှန်မဟုတ်သော စိတ်ဓါတ်ကျမှုနှင့် မသက်မသာဖြစ်မှုအား ခံစားရလေသည်။

ယနေ့တွင် ရှောင်ဝူယိသည် ဟမ်းစတားအသွင်သဏ္ဌာန်ဖြင့် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းဝင်ကာ လူတိုင်းအား ကြည့်နေလေသည်။ ဒေါက်တာ ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသိပ္ပံပညာရှင်များသည် ရှောင်ဝူယိ၏ နတ်သားလေးဟူသော အထောက်အထားကြောင့် အံ့အားသင့်သွားကြသော်လည်း ရေသူမျိုးနွယ်နှင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တို့၏ တည်ရှိမှုအား သိရှိထားပြီးနောက်တွင် သိပ္ပံနည်းကျ မဟုတ်သော မှော်မျိုးနွယ်များ၏ တည်ရှိမှုအားလည်း လက်ခံလာနိုင်ကြသည်။

ယခုအချိန်တွင် လူများစုသည် သိပ္ပံပညာရပ်အား စူးစမ်းလေ့လာလိုသော စိတ်ဝိညာဉ်အား လက်ကိုင်ထား၍ ဇွန်ဘီများအား မောင်းထုတ်နိုင်သော ဆစ်စလို၏ အသံလှိုင်းစွမ်းရည်အား အပြင်းအထန် လေ့လာလျက်ရှိသည်။

ဆစ်စလို၏ အသံလှိုင်းအား တုပနိုင်မည်ဆိုလျှင် လူသားများအတွက် အဓိကအခက်အခဲအား ဖြေရှင်းနိုင်မည် ဖြစ်သောကြောင့် အကျိုးကျေးဇူး များပေမည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now