Boss Baby ဟမ်းစတားလေး ဝူယိ

432 54 0
                                    

Chapter 29
September 21, 2023

*၁*

🐹 အခန်း ၂၉

ဝူယိလေးက ကံကောင်းစေတဲ့ တိမ် စီးနင်းပြီး ရောက်ရှိလာတယ် -၂

လူ ၄ ယောက်မှာ ဇွန်ဘီအုပ်ထဲသို့ ပစ်ထားခံလိုက်ရသည်။ အဆင့် ၃ ဇွန်ဘီသည် သူ၏ စွမ်းရည်အား အသုံးပြုထားသည့်အတွက် လှုပ်ရှားရန် အကန့်အသတ်ဖြင့် ရှိနေပုံရသည်။ ထို့ကြောင့် နင်ဖုန်းနှင့် ရှောင်ယန်အား လိုက်လံဖမ်းဆီးခြင်း မပြုဘဲ နျဲ့ရှောင်တို့နှင့် မျက်နှာချင်းဆိုင် ထိုင်နေလေသည်။

သူ၏အရှေ့တွင်ရှိနေသည့် အသား ၄ တုံးအား စောင့်ကြပ်နေခြင်း ဖြစ်သည်။

နျဲ့ရှောင်သည် သူ၏မျက်နှာချင်းဆိုင်တွင်ရှိသည့် အကျည်းတန်လှသော ဇွန်ဘီအား ကြည့်လိုက်ပြီးနောက် အရေးကြီးသည့် ပြဿနာတစ်ခုအား သတိပြုမိလိုက်သဖြင့် သူ၏မျက်နှာမှာ အလွန်လေးနက်နေလေသည်။

“ပြောကြည့်.. ငါတို့က သူ့ထက်ပိုပြီး စွမ်းအင်သုံးနိုင်မလား..”

သူတို့ ၃ ဦးသည် ချက်ချင်းပင် မမောမပန်းနိုင်ပုံရသည့် ဇွန်ဘီအား ကြည့်လိုက်ကြသည်။  ကိုယ်ပိုင်စွမ်းရည်များမှာ အဆက်မပြတ် အသုံးပြုနေရသည်ကို ခံစားမိသဖြင့် သူတို့အားလုံး တိတ်ဆိတ်သွားကြလေသည်။

“အခုချိန် တုနှိုင်းမဲ့တဲ့ သူရဲကောင်းလေးတစ်ယောက်လောက်က မင်္ဂလာရှိတဲ့ ခုနစ်ရောင်ခြယ် တိမ်တိုက်တစ်ခုကို စီးနင်းပြီး ငါတို့ကို လာကယ်သင့်တယ် မဟုတ်ဘူးလား..”

ကျန်းချိုးသည် ကောင်းကင်အား မော့ကြည့်လို့နေသည်။

နျဲ့ရှောင်တို့ ၃ ဦးအဖွဲ့ : “……”

“မင်းရဲ့ပါးစပ်ကို ပိတ်ထားလိုက်ပါတော့..”

***

ထိုအချိန်မှာပင် ကျစ်ဟွေ့ကွမ်၏ အကူအညီဖြင့် ရှောင်ဝူယိတို့သည် မြို့လယ်သို့ ရောက်ရှိလာကြသည်။ အဝေးမှ ကြီးမားသည့် ဇွန်ဘီအုပ်၏ လှုပ်ရှားသံကို ကြားမိသဖြင့် သူတို့သည် ထိုအရပ်သို့ တိုက်ရိုက်ဆက်သွားကြသည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now