chapter 72

231 39 0
                                    

Chapter 72
November 30, 2023

🐹အခန်း ၇၂

ဝူယိလေး နိုးလာပါပြီ.. လားလားလား

မော့ယန်သည် သူတို့ထိထားသမျှ အရာအားလုံးအား ထုတ်ဖော်မှုပြုပြီး မည်သည့်အရာကိုမျှ  ထိန်ချန်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လက်ရှိအခက်ခဲဆုံး ပြဿနာမှာ ကမ္ဘာပျက်ကပ်၏ မူလအစမှာ ဂြိုလ်သားများ ကျူးကျော်ခြင်းကြောင့်ဖြစ်သည်ဟူ၍ ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။

အားလုံးထဲမှာမှ ပိုင်မေ့၏စိတ်အခြေအနေမှာ အရှုပ်ထွေးဆုံး၊ သက်သောင့်သက်သာ မဖြစ်ဆုံးနှင့် အနာကြည်းဆုံး ဖြစ်နေခဲ့သည်။ အထူးသဖြင့် သူ၏ မိဘများနှင့် ဘိုးဘွားများမှာ ဤကပ်ဆိုးထဲတွင် သေဆုံးသွားကြရပြီး သူကိုယ်တိုင်သည်လည်း သားကောင်တစ်ကောင် ဖြစ်ခဲ့ရကာ သူ၏ ကမ္ဘာမြေသားများကို သတ်ဖြတ်ရန် ဝတ်ရုံနက်၏ ပြန်လည်ထူထောင်ရေးဆေးဖြင့် ဖြားယောင်းခံခဲ့ရသည်။

“သူပြန်လာဦးမှာပါ.. သူ့ကိုဖမ်းပြီး သေချာပေါက် လက်စားချေရမယ်..”

ပိုင်မေ့ လက်သီးတင်းတင်းဆုပ်ထားကာ သူ၏မျက်နှာမှာ လေးနက်နေပြီး အံကြိတ်လျက်ပြောလာသည်

" ဒီကပ်ဆိုးကြီးကို သေချာပေါက် ဖြတ်ကျော်ပစ်မယ်…"

" အသေအချာပဲ… ကျူးကျော်လာသူတွေက ထိုက်တန်တဲ့တန်ဖိုးကိုပြန်ပေးဆပ်ရမယ်…"

တစ်စုံတစ်ယောက်မှ နီမြန်းနေသောမျက်လုံးများဖြင့် ပြောလာသည်။

"အခုငါတို့မှာ ကူညီ‌ဖို့စစ်သူကြီးလည်းရှိနေပြီ… ငါတို့သာစည်းစည်းလုံးလုံးနဲ့အတူတူလုပ်ကိုင်ကြရင် ဒီကပ်ဘေးကို သေချာပေါက်ဖြတ်ကျော်နိုင်လိမ့်မယ်…"

နျဲ့ရှောင် မှောင်မိုက်နေသောအကြည့်များဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ရင်ဘတ်ထဲမှ နာကြည်းမှုများနှင့် အညိုးအတေးများအား ဖိနှိပ်ကာ လူတိုင်းကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါကအခုအခြေအနေအတွက် အပြီးသတ်ကိစ္စပဲ… ငါတို့ဆက်ပြီး စောင့်နေကြဖို့ပဲ ရှိတယ်… လက်ရှိမှာတော့ ငါတို့က ဝတ်ရုံနက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေရယ် မော့ယန်နဲ့ သူတို့အကြောင်း‌တွေရယ်ပဲ သိရသေးတယ်… ရန်သူကို မရည်ရွယ်ဘဲ သတိပေးမိသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် လူတိုင်းက ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားပေးကြမယ်ဖို့ ငါမျှော်လင့်မိပါတယ်… အခုထိလည်း ဝတ်ရုံနက်နဲ့ ပတ်သက်ပြီး အရမ်းကို နည်းနည်းလေးပဲ သိရသေးတာလေ… သူ့ရဲ့ ကမ္ဘာမြေကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ… သူ့ရဲ့နောက်မှာ ဘယ်လိုအဖွဲ့တွေ ရှိနေလဲဆိုတာမျိုးကို ငါတို့အခုထိ မသိရသေးဘူး… ဒါကြောင့် အခုလိုအခြေအနေမှာ ငါတို့ဖြည်းဖြည်းချင်းပဲ စီစဉ်သွားနိုင်မယ်…"

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now