Boss Baby ဟမ်းစတားလေး ဝူယိ

278 41 0
                                    

Chapter 28
September 21, 2023

*၁*

🐹 အခန်း ၂၈

ဝူယိလေးက ကံကောင်းစေတဲ့ တိမ် စီးနင်းပြီး ရောက်ရှိလာတယ်

ကျန်းချိုး၏ သံတုတ် သူ့အား တိုက်ခိုက်လာချိန်တွင် နျဲ့ရှောင်သည် လက်ဆန့်ကာ သံတုတ်အား ဆုပ်ကိုင်လိုက်ပြီး သူ၏ နက်မှောင်သည့် မျက်လုံးများထဲတွင် ဒေါသခပ်ပါးပါး ပါဝင်နေသည်။

နျဲ့ရှောင်၏ ဒေါသနှင့်အတူ လေထုထဲတွင် အပြာရောင်လျှပ်စီးကြောင်းတစ်ခု ပေါ်လာသည်။ လေထဲတွင် မိုးကြိုးပစ်သံ ထွက်ပေါ်လာပြီး သံတုတ်မှတဆင့် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းချိုးအား လျင်မြန်စွာနှင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေသည်။

ကျန်းချိုးမှာ မျက်စိရှင်သည့်အတွက် သံတုတ်အား လက်ထဲမှ လျင်မြန်စွာ လွှတ်ချလိုက်သော်လည်း လက်မောင်းတစ်ခုလုံးမှာ ထုံထိုင်းပြီး ထိုးစွနေသကဲ့သို့ ခံစားနေရလေသည်။

“မင်းက စွမ်းရည်နှစ်ခု ပိုင်ရှင်လား..”

ကျန်းချိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နျဲ့ရှောင်၏လက်ထဲရှိ လျှပ်စီးကြောင်းအား စိုက်ကြည့်နေသည်။ နာကျင်နေသည့် လက်ချောင်းများအား လျက်လိုက်ပြီးနောက် မျက်လုံးထဲတွင် ပိုမိုစိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

ကျန်းချိုး ရှေ့တိုးရန် ပြင်ဆင်မှာပင် သူ၏ခြေထောက်အောက်တွင် အပြာဖျော့ရောင် လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး သူ၏အရှေ့တွင် အန္တရာယ်ရှိသည့် မျဉ်းတစ်ကြောင်း ဆွဲသားလိုက်သည်။

လူးလွန့်နေသည့် လေလျှပ်စီးကြောင်းသည် လေထုထဲတွင် ပျံ့နှံ့နေပြီး တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေသည်။

နျဲ့ရှောင်၏ လေသံအား ကြားရသည်မှာ နှင်းကဲ့သို့ အေးစက်လျက်ရှိသည်။

“ငါက လျှပ်စီးကြောင်းရဲ့ ဗို့အားကို မထိန်းချုပ်နိုင်သေးဘူး.. မင်းစမ်းကြည့်ချင်တယ် ဆိုရင်‌တော့ လာလို့ရတယ်..”

ကျန်းချိုးသည် နျဲ့ရှောင်၏ ရိုးသားပုံရသည့် အသွင်အပြင်အား ကြည့်ပြီးနောက် ထိုလူမှာ အမှန်တကယ် ဒေါသထွက်နေကြောင်း နားလည်သွားလေသည်။ သူ၏မျက်လုံးထဲရှိ စိတ်လှုပ်၇ှားမှုမှာလည်း အနည်းငယ် လျော့ကျသွားသည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now