chapter 70

216 38 0
                                    

Chapter 70
November 30, 2023

🐹အခန်း ၇၀

ဝူယိလေး အတိတ်ကို သတိရတော့မယ်

ပိုင်မေ့၏ လျှို့ဝှက်ချက်အား ကြားသိရပြီးနောက် လူတိုင်း ဝူယိအခြေစိုက်စခန်းသို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

“မြက်ကိုရိုက်၍ မြွေကို ခြောက်လှန့်ခြင်း” မဖြစ်စေရန် ပိုင်မေ့သည် လတ်တလော၌ ဝူယိအခြေစိုက်စခန်းမှ ထွက်ခွာ၍မရချေ။ ပိုင်မေ့လက်ထဲရှိ ဆေးရည်နှင့် ဆစ်စလို၏ အသံလှီုင်းအား လေ့လာရန် ဝေ့ဟန်မင်၏အဖွဲ့သည်လည်း ဝူယိအခြေစိုက်စခန်းသို့ ယာယီသွားရောက်ရန် လိုအပ်သည်။ ပိုင်မေ့၏ ပြန်လည်ထူထောင်ဆေးအား ဝတ်ရုံနက်နှင့်လူ ရောက်မလာခင် ပြန်ပေးရပေမည်။ သို့တည်းမဟုတ်လျှင် လူသားများ၏ အခြေစိုက်စခန်းတွင် ရုပ်ဖျက်ရန်မလိုအပ်ဘဲ နေထိုင်နိုင်ခြင်းအပေါ် ရှင်းပြန်ရန် မဖြစ်နိုင်ချေ။

ညဉ့်နက်နေပြီ ဖြစ်သဖြင့် ဆုံးဖြတ်ချက်အား အတည်ပြုလိုက်ကြသည်။ လူတိုင်း အခန်းသို့ပြန်ကာ မိုးမလင်းခင် နာရီအနည်းငယ်ခန့် အိပ်စက်ရန် ကြိုးပမ်းကြသည်။ အိပ်စက်ခြင်း မရှိပါက ယင်းသည် နောက်ထပ်ပြဿနာတစ်ရပ် ဖြစ်လာပေမည်။

လူတိုင်း အခန်းထဲတွင် ယနေ့ည အဖြစ်အပျက်အား ဖြည်းညင်းစွာ ချေဖျက်နေကြရသည်။ ပိုင်မေ့၏ လျှို့ဝှက်ချက်မှာ လူတိုင်းအတွက် သက်ရောက်မှုကြီးသလို ထိတ်လန့်တုန်လှုပ်စေသည်။ ဝတ်ရုံနက်လူ၊ ဇွန်ဘီဘုရင်၊ ပြန်လည်ထူထောင်ဆေး၊ စွမ်းရည်အမြုတေများအကြောင်း စသည့် အရာအားလုံးမှာ ဤကမ္ဘာပျက်ကပ်သည် ရိုးရှင်းသော သဘာဝဘေးအန္တရာယ်တစ်ခု မဟုတ်ကြောင်း ညွှန်ပြနေသည်။

ဝတ်ရုံနက်နှင့်လူမှာ မည်သည့်အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း ထပ်မံလေ့လာရပေမည်။

****

ဗီလာ၏ အိပ်ခန်းကျယ်အတွင်း၌။

ဟမ်းစတားလေးသည် ကောင်ငယ်လေးအသွင်ပြောင်းကာ စောင်ထဲသို့ ဝင်နေသည်။ အဝတ်ဗလာ ခန္ဓာကိုယ်လေးဖြင့် နျဲ့ရှောင်၏ ရင်ခွင်ထဲသို့ဝင်ကာ လက်ချောင်းလေးနှင့် စက်ဝိုင်းများ ရေးဆွဲနေလေသည်။ တိုးညှင်း၍ ဝမ်းနည်းသော အသံလေးဖြင့် ပြောလေသည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now