Boss Baby ဟမ်းစတားလေး ဝူယိ

275 42 0
                                    

Chapter 13
Sue Xing NwayAugust 26, 2023

🐹 အခန်း ၁၃ ဝူယိလေးက ညီမလေး ရှောင်ယွီကို ကယ်တင်လိုက်တယ်





ရှဲ့ကျွင်းတို့သည် ဇွန်ဘီအနည်းငယ်သာ လှည့်လည်သွားလာလို့နေသည့် ကျောင်းဝင်ပေါက်အား ကြည့်လိုက်ကြသည်။ နံဘေးရှိ လျောင်ယုံအား သံသယအရိပ်အယောင်နှင့် စိတ်ရှုပ်ထွေးမှုတို့ ပါဝင်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

“ဒီနေရာမှာ ဇွန်ဘီတွေအများကြီး ရှိနေတယ်လို့ မင်းပြောခဲ့တယ်မလား..”

“ကျွန်တော်လည်း ဘာဖြစ်နေတယ်ဆိုတာ မသိဘူးရယ်..”

လျောင်ယုံသည်လည်း လတ်တလောတွင် စိတ်ရှုပ်ထွေးနေခြင်း ဖြစ်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ထင်ဟပ်လို့နေသည်။ ရှဲ့ကျွင်းတို့သည်လည်း လျောင်ယုံ၏ စိတ်ရှုပ်ထွေး နားမလည်နိုင်သည့် အမူအရာကို မြင်သည့်အတွက် မည်သည့်အရာများ ဖြစ်နေသည်ကို သိရှိရန်အတွက် ကျောင်းထဲသို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။

များမကြာမီတွင် လူတိုင်းသည် ကျောင်း၏ ကစားကွင်းလေး အနီးသို့ ရောက်လာခဲ့ကြပြီး မနီးမဝေးတွင် ရှိနေသည့် သိပ်သည့်ထူထပ်လှသော ဇွန်ဘီအုပ်ကြောင့် ချက်ချင်းပင် ထိတ်လန့်လို့သွားသည်။

ဇွန်ဘီများမှ ထွက်လာသည့် အနံ့ဆိုးများသည် သူတို့၏ နှာခေါင်းဝသို့ တိုက်ရိုက်ရောက်ရှိလာပြီး လူတိုင်း၏ အနံ့ခံအာရုံကို ဖျက်ဆီးလုနီးနီးပင် ဖြစ်သည်။ ဝမ်းဗိုက်ထဲတွင် တလှိမ့်လှိမ့်တက်ကာ ပျို့အန်ချင်စိတ်ပါ  ဖြစ်လာစေသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်ရသည့်အတွက် လျောင်ယုံ၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့လို့နေပြီး မျှော်လင့်ချက်မဲ့စွာဖြင့် တီးတိုးဆိုလိုက်သည်။

“ဒါ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”

သူတို့၏ အနီးတွင် ရှိနေသည့် ဇွန်ဘီများမှာ လတ်လတ်ဆတ်ဆတ် အသားနံ့အား ရလိုက်သဖြင့် ချက်ချင်းဆိုသလို လှည့်ကာ တိုက်ခိုက်လာကြသည်။ ရှဲ့ကျွင်းသည် ထိတ်လန့်ကာ မလှုပ်မယှက် ရှိနေသည့် လျောင်ယုံအား အလျင်စလို ဆွဲယူကာ မနီးမဝေးရှိ ကျောင်းဆောင်တစ်ခုတွင် ပုန်းအောင်းလိုက်ရသည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now