သို့သော်လည်း သူခွန်းဆက်ကို သားကဲ့သို့ချစ်လာပြီးမှ မဟာနဲ့ ခဏခဏ ရန်ဖြစ်ရတော့သည်။ အရင်က မဟာနဲ့အတူနေရင် ပျော်ရွှင်လိမ့်မည်ဟုတွေးထားခဲ့သော်လည်း ရွှေစင်ကလွဲရင် အခြားသူတစ်ယောက်ကို ထပ်မချစ်နိုင်တော့ပုံရသည့်မဟာက သူ့အားလက်ဖျားနဲ့တောင် မထိခဲ့။ အိမ်ထောင်ရေးတွင်လည်း သူငယ်ချင်းသံယောဇဉ်သာရှိပြီး အချစ်နဲ့နွေးထွေးမှုတို့ မရှိသည်ကြောင့် အမြဲပင် ကတောက်ကဆဖြစ်ရသည်။ ထိုအချိန်များတွင် ခွန်းဆက်က သူ့ရဲ့  စိတ်တုိ့ အေးငြိမ်ရာလေး ဖြစ်ခဲ့သည်။

အိနြေ္ဒသူ့ရှေ့မှ ခွန်းဆက်ကိုကြည့်ကာ ခွန်းဆက်မျက်နှာဆီ လက်လှမ်းလိုက်ရင်း ငိုကြွေးလာသည်။

"သား...mommy သားလေး..."

ခွန်းဆက်လည်း ဒေါ်အိနြေ္ဒ၏ လက်ကိုယူကာ သူ့မျက်နှာဆီနေရာ ချပေးလိုက်ကာ မျက်ရည်တို့စီးကျလာသည်။ သားအမိနှစ်ယောက်ကိုကြည့်နေသော ကျန်လူများကလည်း မျက်ရည်တို့လည်လာကြသည်။

"mommy တောင်းပန်ပါတယ် သား"

"Mommy နောင်တရလား...လုပ်ခဲ့တာတွေအတွက် နောင်တရခဲ့လား mommy "

ခွန်းဆက် အမေးကြောင့် ဒေါ်ရွှေအိနြေ္ဒ ခွန်းဆက်မျက်နှာကို စိုက်ကြည့်လာပြီး

"မှားခဲ့တယ်ဆိုတာ သိပေမယ့် နောင်တမရဘူး...mommy သာ အဲ့လိုမလုပ်ခဲ့ရင် မင်းအဖေကို ပိုင်ဆိုင်ခွင့်ရခဲ့မှာ မဟုတ်ဘူး"

"ဒါပေမယ့် mommy မပျော်ရွှင်ခဲ့ရဘူးမလား"

သူ့စကားကြောင့် mommy က ပြုံးကာ သူ့အားစိုက်ကြည့်နေပြီး ဘာမှထပ်မပြောတော့ပေ။ ခွန်းဆက်လည်း ဘာစကားမှမပြောပဲ ဒေါ်ရွှေအိနြေ္ဒကိုသာ စိုက်ကြည့်နေတော့သည်။ ရဲများက ဒေါ်ရွှေအိနြေ္ဒအား သူ့ရှေ့မှ ခေါ်ထုတ်သွားသည်အထိ ခွန်းဆက် ရပ်ကြည့်နေမိသည်။ ခဏအကြာမှ သော်တာက ခွန်းဆက် ပုခုံးကို ပုတ်လာပြီး

"ပြန်ရအောင်...မာန် နိုးနေရင် မင်းကိုရှာနေလိမ့်မယ်"

ခွန်းဆက်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်ရည်တို့ကို သုတ်ဖယ်လိုက်ကာ သော်တာတို့နဲ့အတူ တရားရုံးထဲမှ ထွက်ခဲ့တော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now