ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်

Start from the beginning
                                    

ဒါက သူ့ရဲ့ပထမဆုံး ဖွင့်ပြောဖူးခြင်း ဖြစ်လို့နေမယ်။

ပိုင်လီက သူကောင်းကောင်းလုပ်နိုင်မည်ဟု ထင်ထားခဲ့ကာ သူ့လိုလူတစ်ယောက် ဒီလိုဖွင့်ပြောချင်းအတွက် ရှက်ရွံနေမှာ မဟုတ်လောက်ဘူးလို့ တွေးမိခဲ့ပေမယ့်လည်း လက်တွေ့က အတွေးနှင့် အရမ်းကွာခြားနေခဲ့တာပင်။ သူက ပြောပြီးပြီးချင်းမှာပဲ  ဒီလို ရှက်ရွံ့မှုကို မခံစားနိုင်တော့လို့ သူ့ရှေ့ကိုကောင်လေးကို ရုတ်တရက်ဖက်လိုက်ပြီး သူ့မျက်နှာကို ထိုကောင်လေးပုံခုံးပေါ်မှာအပ်ကာ ဖွတ်ထားလိုက်မိပါတော့တယ်။

ဒါက နည်းနည်းတော့ မျက်နှာပူစရာကောင်းတယ်လေ။

ခဏကြာမှ သူက အသံတိုးတိုးလေးနဲ့...

"တကယ်တော့ ကိုယ် ဒါကိုပြောဖို့ နည်းနည်းရှက်နေတာ ဒါကြောင့် အချိန်ဆွဲသလိုဖြစ်သွားတာပါ"

ပိုင်လီက တကယ်ပဲ ဖွင့်ပြောဖို့ အခက်တွေ့နေခဲ့တာဖြစ်သည်။ သူ ဒီကိုရောက်လာထဲက သူနဲ့ဒီကောင်လေးက လက်ထပ်ထားပြီးသားဆိုတဲ့ ဘဝကနေ စခဲ့ရတာလေ။ အဲတာကြောင့် သူ့ရဲ့ဖွင့်ပြောခြင်းက  ကြောင်တောင်တောင် နိုင်နေလိမ့်မယ်ဆိုတာကို သိနေခဲ့ပြီးသားပင်။

သူက ဒီခန္ဓကိုယ်ထဲ ရောက်ခါစမှာတော့ ဒီကောင်လေးအပေါ် အမြင်သိပ်မရှိခဲ့ဘဲ သူက ဒီခန္ဒာကိုယ်ကို ယူထားပြီဖြစ်တဲ့အတွက် ဒီခန္ဓာကိုယ်ရဲ့မိသားစုတွေကို အတတ်နိုင်ဆုံး ကောင်းပေးရမယ်ဆိုတဲ့ ခံစားချက်မျိုးပဲ ရှိခဲ့တာဖြစ်၏။

အမှန်တိုင်း ဝန်ခံရရင် ပိုင်လီက ဒါက သူလိုအပ်နေတဲ့ဘဝမျိုး ဖြစ်မယ်လို့ ထင်ခဲ့တာကြောင့်လည် ဖြစ်သည်။

သူ့ရဲ့မူရင်းဘဝမှာဆိုရင် သူက သူ့ရဲ့လုပ်နိုင်စွမ်းတွေကို မိသားစုကို ပြခွင့်မရခဲ့တဲ့ သားတစ်ယောက်ဖြစ်ခဲ့ပြီး သူရဲ့မိဘတွေကဆိုရင် သူပျက်စီးဆိုးသွမ်းသွားမှာကိုပဲ မြင်ချင်နေခဲ့ကျတာဖြစ်ပြီး သူက သူ့မိဘတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင် ဖြစ်ခဲ့ရသည်။ ဘာလို့ဆို သူ့ရဲ့မွေးရာပါ အကျင့်နဲ့စရိုက်တွေကိုက သူမိဘတွေလိုချင်တာနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့လို့ပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now