ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်

Start from the beginning
                                    

ဒါကိုကြားတော့ ရှောင်ဟန်က နားလည်သလိုလိုရှိသော်လည်း သူက ချက်ခြင်းသဘောမပေါက်နိုင် ဖြစ်နေပေသည်။ သူခင်ပွန်းက အရေးကြီးတာတစ်ခုခုကို ပြောချင်နေတယ်လို့ ခံစားရပေမယ့် ဘာကိုဆိုလိုချင်နေတာလဲဆိုတာကိုတော့ သူကမရိပ်မိသေးပါဘူး။

ဒါပေမယ့် သူ့ခင်ပွန်းက သူနဲ့ကလေးတွေကို ရှေ့လျောက်လည်း ဒီလိုမျိုးပဲ ဂရုစိုက်ပေးမယ်ဆိုတာကို ကြားရ၍ သူ စိတ်သက်သာသာရာ ရသွားတာတော့အမှန်ပင်။

ပိုင်လီက သူ့ဇနီးလေး မျက်နှာပြန်အဆင်ပြေလာတာတွေ့မှ ထပ်ပြောလိုက်လေသည်။

"အဲတာကြောင့် ကိုယ်တို့ဆက်ဆံရေးကိုလည်း ပြောင်းလဲလိုက်ကျရင် မကောင်းဘူးလား "

ရှောင်ဟန်ကတော့ ထပ်ပြီး ဇဝေဇဝါဖြစ်သွားရ၏။ သူက သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး ဘယ်လိုမှ နားမလည်တော့သည့်ပုံလေးနှင့် မေးလိုက်တော့သည်။

"ဘာကို ဘယ်လို ပြောင်းလဲမှာလဲ ခင်ဗျား.. ဘာပြောချင်တာလဲဟင် "

ပိုင်လီက သူတို့ဆက်ဆံရေးကို ပြန်စမယ်တို့၊ပြောင်းလဲမယ်တို့ ပြောနေပေမယ့် အဲတာက ဂရုမစိုက်ပေးတော့တာလည်း မဟုတ်ဘူးဆိုရင် ဘယ်လိုမျိုး လုပ်ချင်နေတာလဲ။ သူပဲ ရှေ့လျောက်လည်း လက်ရှိလိုမျိုးပဲ လုပ်မှာပါဆိုပြီးတော့လေ။

ပိုင်လီမှာ သူ့ဇနီးလေး၏ ဤသို့စိတ်ရှုပ်ထွေးသည့်ပုံလေးကပင် အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားနေရပေသည်။ တကယ်တော့ သူ သူ့ဇနီးလေးက ချစ်ဖို့ကောင်းတယ်လို့ ခံစားခဲ့ရတဲ့အချိန်တွေက တော်တော်များနေပါပြီ။

ပိုင်လီက ဇဝေဇဝါဖြစ်နေသည့် ကောင်လေး၏ပါးလေးကို တို့လိုက်ကာဖြင့် သူကပွင့်ပွင်လင်းလင်းပင် ပြောလိုက်တော့၏။

" ကိုယ်ပြောတာက ကိုယ်တို့ဆက်ဆံရေးကို ပြောင်းလဲကျမယ်လို့ မတော်တဆမှုကြောင့်လက်ထပ်ထားတဲ့ စုံတွဲတွေလိုမဟုတ်ဘဲ ချစ်မြတ်နိုးတဲ့ စုံတွဲတွေလိုမျိုး အဲလိုမျိုး ပြန်စကျမယ်လို့ပြောတာ ကိုယ်က မင်းကို ချစ်မြတ်နိုးတယ်လို့ ပြောတာပါ"

ထို့သို့ ပြောပြီးမှ ပိုင်လီသည် သူ့မျက်နှာက ဖြေးဖြေးချင်း ပူလောင်သည်ကို ခံစားလိုက်ရပေသည်။ အဲတာက ပူရှိန်းသွားတိုက်ဆေးကို မျက်နှာအနှံ့ လိမ်းထားမိတဲ့ ခံစားချက်မျိုးလိုပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now