For You

93 6 0
                                    

သူမက ကျွန်မအတွက်အရာရာပါပဲ။

ကျွန်မကိုယုံကြည်သည်ဖြစ်စေ၊မယုံကြည်သည်ဖြစ်စေ....ကျွန်မရဲ့ချစ်ခြင်းတွေက သူမအတွက်ဆက်လက်တည်ရှိနေလိမ့်မယ်။

တစ်ခါတစ်လေ နာကျင်စရာတွေရှိတယ်။တစ်ခါတစ်လေ ပျော်ရွှင်ရတာတွေရှိတယ်။တစ်ခါတစ်လေ စိတ်ပင်ပန်းခဲ့ရတာတွေရှိတယ်။တစ်ခါတစ်လေ ကြောက်ရွံ့ထိတ်လန့်စရာတွေဖြစ်ခဲ့တယ်။တစ်ခါတစ်လေသံသယဝင်စရာတွေဖြစ်တယ်။တစ်ခါတစ်လေ ရန်ပွဲတွေဖြစ်ခဲ့တယ်။တစ်ခါတစ်လေ ဘာကိုမှမတွေးပဲချစ်မြတ်နိုးခဲ့ကြတာတွေရှိတယ်။

မကောင်းတာတွေကိုမေ့ပစ်ပြီး ကောင်းတဲ့အရာလေးတွေကိုကိုယ့်အတွက်ယူဆောင်ပြီး သူမကိုကျွန်မပျော်ရွှင်စွာချစ်မြတ်နိုးခဲ့ပါတယ်။သူမတစ်ယောက်ထဲကိုပဲချစ်ခဲ့တာမို့လို့ ဘာတွေဖြစ်ဖြစ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။သူမကကျွန်မကိုရက်စက်ခဲ့ရင်တောင် အဲ့ဒါကသူမရဲ့ကိစ္စပါ။ကျွန်မကတော့ ချစ်နေရလိမ့်မယ်။သေဆုံးချိန်အထိပေါ့။

အရာရာက ပြီးပြည့်စုံပြီးဖြောင့်ဖြူးသာယာနေခဲ့တာတော့မဟုတ်ခဲ့ပါဘူး။အရာရာကိုစိုးရိမ်စိတ်တွေနဲ့ရင်ဆိုင်ခဲ့ရတာပေါ့။ဘာပဲဖြစ်ဖြစ်ပါ။ကျွန်မကိုလက်မလွှတ်ခဲ့တာတစ်ခုထဲနဲ့ ကျွန်မရဲ့ဘဝတစ်ခုလုံးပြီးပြည့်စုံပါတယ်။

ကျွန်မရဲ့နှလံုးသားခံစားချက်အတိုင်း သူမကိုချစ်သွားဖို့ကျွန်မအသက်ရှင်နေသ၍ကြိုးစားနေမှာ.....။အဲ့ဒါကို သူမသိသည်ဖြစ်စေ....သူမ မသိသည်ဖြစ်စေပေါ့။

×××××××××××××××××××××××××××

ဒီficကို ဒီမှာပဲအဆုံးသတ်လိုက်မိပြီ။တစ်ခြားficတစ်ခုကိုဆက်ရေးဖို့ကြိုးစားချင်တာမို့ရော.....အကြောင်းအရာတစ်ချို့ကြောင့်ရော....ဒီမှာပဲအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့မိတယ်။အင်း.....ဒီficကို (Season-2)ဆက်ရေးကောင်းရေးမိပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် မသေချာပေမယ့်ဖတ်ရှုပေးကြတဲ့သူတွေတစ်ယောက်ခြင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။

×××××××××××××××××××××××××××

(ဒီ Ficကလည်း နှိုင်းရဲ့အကောင့်ဟောင်းမှာတင်ပေးပြီးသားပါပဲ။အရင်က ဖတ်ဖူးပြီးသားသူတွေရှိသလို မဖတ်ရသေးပဲ အခုမှသိတဲ့စာဖတ်သူလေးတွေကလည်း နှိုင်းရဲ့ Ficလေးကို ဖတ်ရှုအားပေးကြပါဦးနော်။ဆက်လက်ကြိုးစားပါဦးမယ်ရှင့်။)

ဖြူစင်သောပေးဆပ်ခြင်းဖြင့်အရာရာကိုပိုင်ဆိုင်ရယူမည်
                         
                                 အေဗရီရင့်ဟန်
                                 -------------------

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

RayWhere stories live. Discover now