Chapter(7)

112 6 0
                                    

"Morning Bae.....!!"

"Morning Honey....!!”

အနှိုင်းမဲ့ကRayမျက်နှာကိုသေချာကြည့်ရင်းမေးခွန်းထုတ်လာခဲ့၏။

“ရှင့်မျက်နှာကိုကြည့်ရတာ တစ်ညလုံးမအိပ်ရသေးသလိုပဲနော်။ဘာဖြစ်လို့လဲဟင်"

မင်းကို စိတ်မချနိုင်လို့တစ်ညလုံးထိုင်ကြည့်နေခဲ့တာပါဟုစိတ်ထဲ၌ပြောနေမိခဲ့သည်။Rayရဲ့နှုတ်ဖျားကတော့ နှိုင်းရဲ့မေးခွန်းလေးကို ပြန်မဖြေနိုင်ခဲ့ပါ။

ဟုတ်သည်လေ.....ညက ဖြစ်ရပ်ကြီးကိုမေ့သွားစေရန် နှိုင်းရဲ့မှတ်ဉာဏ်တွေကိုဖျောက်ပေးထားခဲ့ရတာမဟုတ်လား။နှိုင်းရဲ့မေးခွန်းကို Rayဘယ်လိုပြန်ဖြေပေးနိုင်ပါ့မလဲ။

ထို့ကြောင့်အခြားအကြောင်းအရာတစ်ခုကိုလိမ်လည်ဖြေဆိုမိရတော့သည်။

"ဘာမှမဖြစ်ပါဘူး ကလေးရယ်။ညက ကိုယ့်အလုပ်တွေမပြီးလို့ မအိပ်ဖြစ်တော့တာပါ"

"အာ.....အဲ့လိုထပ်လုပ်ပြန်ပြီ။Honeyကို အဲ့လိုမနေရဘူးလို့ နှိုင်းပြောထားတယ်မဟုတ်လား"

Rayက မျက်လွှာလေးအသာချရင်း နှိုင်းကိုတောင်းပန်လာခဲ့ပါသည်။ထိုအပြုအမူက နှိုင်းအတွက် နည်းနည်းလေး ထူးဆန်းနေ၏။

Rayက နှိုင်းကိုစကားများခွင့်ပြုမထားဘူးမို့လား။အခုလို လျှာရှည်စကားများနေခြင်းအား အပြစ်မပြောပဲငြိမ်သက်စွာခံယူနေခြင်းအတွက် Rayထံတွင်ရှိနေသောအကြောင်းပြချက်က ဘာများပါလိမ့်ဟု‌ နှိုင်းတွေးနေမိသည်။

ထိုခဏတွင် Ray နှုတ်ဖျားမှထွက်လာသောစကားလုံးတစ်ချို့ကြောင့် နှိုင်းမှာ ထပ်မံ၍အံ့အားသင့်ခဲ့ရသည်။

"ကိုယ်မှားသွားပါတယ် ကလေး။မင်းမကြိုက်တာလုပ်မိတဲ့အတွက် ကိုယ့်ကို အပြစ်ပေးနော်"

"ဒီနေ့ နှိုင်းရဲ့ပျားရည်အိုးလေးက လိမ္မာနေပါလား။ဘာကြောင့်များပါလိမ့်"

"ကိုယ်က အမြဲလိမ္မာပါတယ်။အရာရာက ကလေးရဲ့ဆန္ဒပဲကို"

"တကယ်လားဟင်"

"အွန်း....တကယ်။အပြစ်ပေးချင်တယ်ဆို ပေးလေ ကလေး။ကိုယ်ငြိမ်ငြိမ်လေး ခံယူပေးမယ်"

RayWhere stories live. Discover now