Chapter(22)

28 3 0
                                    

"ကတိမတည်ပါလားအနှိုင်းမဲ့။ငါတို့အပေးအယူလုပ်ထားတယ်မဟုတ်လား"

"စာအုပ်က ပိုင်ရှင်မသေဆုံးသေးတဲ့အတွက် ရှင့်လက်ထဲမှာအလုပ်လုပ်မှာမဟုတ်ဘူး။ဒါကြောင့် နှိုင်းကိုပြန်ပေးဖို့တောင်းဆိုရုံပါ"

"မင်းငါ့ကိုသစ္စာဖောက်တယ်။ကတိမတည်ဘူး။မင်းလုပ်ရပ်အတွက်ပြန်ပေးဆပ်ရလိမ့်မယ်"

"နှိုင်းက ဘယ်သူ့ကိုမှထိခိုက်စေချင်တဲ့ဆန္ဒမရှိခဲ့ပါဘူး။နှိုင်းအမှန်တကယ်သေဆုံးသွားချင်ခဲ့တာ။နှိုင်းရဲ့ရှင်သန်ခြင်းက နှိုင်းဆုံးဖြတ်ခဲ့တာမဟုတ်ဘူး သက္ကရာဇ်"

"မင်းရဲ့သေခြင်းရှင်ခြင်းကို မင်းကိုယ်တိုင်မဆုံးဖြတ်လို့ ဘယ်သူကဆုံးဖြတ်ပေးနိုင်သေးလို့လဲ အနှိုင်းမဲ့။မဖြစ်နိုင်တာတွေမပြောစမ်းနဲ့"

ထိုအခိုက်တွင်ရောက်လာခဲ့သူက နေနန်းရောင်စဉ္ဖြစ်သည်။သူမက ဘာကိုမှဂရုမစိုက်သည့်ဟန်ဖြင့်စကားဆိုသည်။

"သူမပြောတာအမှန်ပဲ။အနှိုင်းမဲ့ရဲ့ရှင်သန်ခြင်းကို ငါဆုံးဖြတ်ပေးခဲ့တာ"

"နေနန်းရောင်စဉ်.......ကောင်းကင်တမန်တွေက လူသားတွေရဲ့ကိစ္စတွေမှာဝင်ပါတတ်နေပြီလား"

"နတ်ဆိုးတစ်ကောင်က လူတွေနဲ့ပတ်သက်ရင် ‌တမန်တော်တွေလည်းပတ်သက်သင့်တယ်မဟုတ်လား။အဲ့ဒါကြောင့်မို့လို့ အနှိုင်းမဲ့နဲ့ပတ်သက်သမျှအရာရာကို ငါဆုံးဖြတ်မယ်။အနှိုင်းမဲ့ကိုငါပိုင်ဆိုင်တယ်။သူမရဲ့ဆန္ဒကိုငါဖြည့်ဆည်းပေးရလိမ့်မယ်။စာအုပ်ပြန်ပေးစမ်းပါ သက္ကရာဇ်"

"ပြန်မပေးဘူးဆိုရင်ရော...."

"မင်းငါ့ကိုမယှဉ်နိုင်တာသိတယ်မလား။မမိုက်မဲစမ်းပါနဲ့"

ရောင်စဉ်၏စကားကိုနားထောင်ပြီးသောအခါ သက္ကရာဇ်ငြိမ်သက်သွားခဲ့သည်။ဘာမှမတတ်နိုင်သည့်ပံုစံဖြင့်သူ့လက်ထဲရှိစာအုပ်ကို ရောင်စဉ်ထံသို့လှမ်းပေးလိုက်သည်။

"လွယ်လွယ်နဲ့တော့မင်းတို့လုပ်ချင်တိုင်းလုပ်လို့ဘယ်ရမလဲ။
အနှိုင်းမဲ့....မင်းအတွက်ကျိန်စာတစ်ခုငါကိုယ်တိုင်ဖန်တီးပေးမယ်"

RayTempat cerita menjadi hidup. Temukan sekarang