Chapter(31)💛

66 4 0
                                    

“မင်းရဲ့သွေးတွေကိုသောက်သုံးပြီးရင် Vampireတွေအားလုံးနိုးထလာနိုင်ကြလိမ့်မယ်။မင်းကတမန်တော်ရဲ့သွေးကိုသောက်သုံးထားတာမို့လို့သူတို့အတွက်ပြီးပြည့်စုံတဲ့စွမ်းအားကိုရရှိကြမှာ”

“အဲ့လိုမလုပ်ပါနဲ့ သက္ကရာဇ်”

“ဘာလို့မလုပ်ရမှာလဲ။ဒီကမ္ဘာမြေပေါ်မှာငါတို့နတ်ဆိုးတွေအတွက်နေရာမရှိတာကြာပြီ။ဆိုးယုတ်ခြင်းတွေမရှိတဲ့အတွက် လူသားတွေရဲ့အကြောက်တရားတွေပျောက်ကွယ်နေခဲ့တာ။ငါတို့တွေကလူတွေရဲ့အကြောက်တရားကိုစားသုံးရှင်သန်ကြရတာ‌လေ။ငါတို့အတွက် ကမ္ဘာပေါ်မှာဆိုးယုတ်မှုတွေဖြစ်တည်လာဖို့လိုအပ်တယ်”

“ရှင်ကကမ္ဘာပျက်ကိန်းကိုဖန်တီးချင်နေတာပဲ"

“သေချာတာပေါ့။ဒီကမ္ဘာကြီးပေါ်မှာဆိုးယုတ်ခြင်းတွေပဲဖြစ်တည်ဖို့ငါဖန်တီးပေးမယ်"

“Honeyကရှင့်ကိုဒီအတိုင်းကြည့်‌နေမယ်ထင်လို့လား။သူတားဆီးလိမ့်မယ်"

“သူကသေချာပေါက်တားဆီးချင်မှာပါ။ဒါပေမယ့်မင်းမသိသေးတာတစ်ခုရှိတယ်"

“ဘာလဲ”

“နေနန်းရောင်စဉ်ကိုကောင်းကင်ဘုံကပေးတဲ့အပြစ်ဒဏ်ထဲမှာ သူရဲ့တမန်တော်စွမ်းအင်ကိုအသုံးပြုလိုက်တိုင်းမင်းကိုထိခိုက်စေရမယ်လို့ပါတယ်။သူသာတမန်တော်အစွမ်းသုံးပြီးတိုက်ခိုက်မယ်ဆို မင်းကထိခိုက်သေဆုံးသွားရမှာလေ”

“ဘယ်လို..."

“မင်းနည်းနည်းလေးမှမစဉ်းစားမိဘူးလား အနှိုင်းမဲ့။ဘယ်သူမှမယှဉ်နိုင်အောင်စွမ်းအားကြီးလွန်းတဲ့နေနန်းရောင်စဉ်က ငါ့ကိုမတိုက်ခိုက်နိုင်ပဲလွှတ်ပေးလိုက်ရတဲ့အကြောင်းရင်းကိုလေ။မင်းမစဉ်းစားနိုင်ဘူးထင်ပါရဲ့။တကယ်ဆိုသူ့ရဲ့စွမ်းအားက ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လို့ရတာမင်းသိလား။သူဘာမှမလုပ်နိုင်ပဲ အကြိမ်ကြိမ်ရှုံး‌နိမ့်နေရတာက မင်းကိုထိခိုက်သွားမှာစိုးလို့ပဲ။မင်းကသူ့ရဲ့အားနည်းချက်ပဲ အနှိုင်းမဲ့"

“ဒါဆို...."

နှိုင်းစကားဆက်မပြောနိုင်ပဲငြိမ်သက်သွားခဲ့တော့၏။သက္ကရာဇ်ကနှိုင်းကိုသစ်တောထဲသို့ခေါ်သွားခဲ့သည်။ရဲတိုက်အတွင်းသို့သက္ကရာဇ်ကနှိုင်းကိုကြမ်းတမ်းစွာဆွဲခေါ်သွားရင်းစကားဆိုသည်။

Ray💛Where stories live. Discover now