Chapter(4)💛

345 5 0
                                    

“နှိုင်း စာရေးတော့မယ် Honey...”

“ဟုတ်ပြီ ကလေး။ကိုယ့်အလုပ်တွေလုပ်နေမယ်။လိုအပ်တာရှိရင် ကိုယ့်ကိုလာပြောနော်”

“ဟင်.....အလုပ်မသွားဘူးလား Honey”

“မသွားတော့ဘူး။ကိုယ့်ကလေးရဲ့အနားမှာပဲနေချင်လို့.....”

“အင်းပါ....ရှင့်သဘော...ကျွန်မ စာကြည့်ခန်းထဲသွားတော့မယ်”

နှိုင်းထွက်သွားသောအခါ မိမိလုပ်စရာရှိသည်များကိုလုပ်ရင်း နှိုင်းအကြောင်းတွေးရင်း Rayအလုပ်ရှုပ်နေခဲ့သည်။

နှိုင်းက စာရေးပြီဆိုလျှင် ဘာမှမလုပ်တော့ပဲ အဲ့ဒီစာကြည့်ခန်းထဲမှာ တစ်နေ့လုံး အချိန်ကုန်နေတော့တာလေ။

အစားအသောက်စားဖို့ကိုတောင် Rayကိုယ်တိုင်ပဲ သေချာစီမံပြီးစာကြည့်ခန်းထဲအရောက်ပြုစုကျွေးမွေးရတာ ထုံးစံတစ်ခုဖြစ်နေပြီပေါ့။

တဖြည်းဖြည်းနှင့် တစ်နေ့လုံး နှိုင်းကိုဂရုစိုက်ပေးလိုက်၊မိမိအလုပ်တွေလုပ်လိုက်ဖြင့် Rayရဲ့အချိန်တွေကိုကုန်ဆုံးနေခဲ့သည်။

ယခု ညနေစောင်းအချိန်သို့ပင်ရောက်ရှိလာခဲ့ပြီဖြစ်၏။နှိုင်းကို ညနေစာခွံကျွေးပြီးသောအခါ မိမိရဲ့အလုပ်စားပွဲမှာထိုင်ရင်း အလုပ်လုပ်ဖို့Rayကြိုးစားလိုက်သည်။

အစပိုင်းတွင် အလုပ်လုပ်နိုင်သော်လည်း အချိန်ကြာလာသောအခါ နှိုင်းရဲ့အကြောင်းတွေက Rayရဲ့ခေါင်းထဲရောက်လာပြန်လေသည်။

ဤသို့ဖြင့် အနှိုင်းမဲ့နှင့်လက်ထပ်ထိမ်းမြားခွင့်ရခဲ့သော အတိတ်မှနေ့ရက်လေးဆီသို့ Rayရဲ့စိတ်အာရုံတွေပြန်လည်ရောက်ရှိသွားခဲ့ရတော့သည်။

***************************

အဲ့ဒီနေ့က.........။

နှိုင်းထံသို့Rayဆီမှဖုန်းခေါ်ဆိုမှုဝင်ရောက်လာခဲ့ပါ၏။နှိုင်းကဖုန်းကိုဖွင့်၍ နားထောင်လိုက်သောအခါ

"ကလေး.....မင်းရဲ့အိမ်ရှေ့တံခါးကို အခုချက်ချင်းလာဖွင့်ပေးသင့်တယ် ထင်တယ်"

"ဘယ်လို......"

"မေးခွန်းတွေမမေးပဲ တံခါးအရင်လာဖွင့်ပါ ကလေးမ"

Ray💛Where stories live. Discover now