Chapter(2)💛

740 28 0
                                    

Rayက သူပိုင်ဆိုင်သောအချစ်ရဲ့အစွမ်းကိုအသုံးပြုရင်း သိပ်လှပတဲ့နတ်သမီးလေးကို အဝါရောင်နေကြာပန်းခင်းတွေထဲမှာ ပိုင်ဆိုင်ခွင့်ရခဲ့တာ မင်းတို့သိလား....။ဒါပေါ့......Rayရဲ့နတ်သမီးလေးကို အဝါရောင်နေကြာပန်းတွေခြံရံပေးထားချိန်မှာ သိမ်းပိုက်ပိုင်ဆိုင်ခွင့်ရခဲ့တာလေ။အဲ့ဒီပိုင်ဆိုင်ခြင်းအကြောင်းတရားကိုဖြစ်တည်စေခဲ့သောနေ့က ဤသို့စတင်၏။

တစ်ရက်တွင် နှိုင်းထံမှအံအားသင့်ဖွယ်ကောင်းသောစကားလုံးတစ်ချို့ကို Ray ကြားလိုက်ရ၏။အဲ့ဒီနေ့က နှိုင်းနှင့်Rayတို့နှစ်ဦးသား စာရိုက်၍စကားတွေပြောနေရင်း Rayရဲ့စိတ်ထဲတွင်ပြင်းပြစွာလွမ်းဆွတ်လာသဖြင့် အနှိုင်းမဲ့ထံသို့ဖုန်းခေါ်မိလေသည်။ဖုန်းထဲတွင်တစ်ဖက်မှတမ်းတတိုးတိတ်သော နှိုင်းရဲ့အသံသဲ့သဲ့လေးကို Ray ကြားလိုက်ရပါ၏။

"Honey.....!!"

"Yes.....Bae...!!"

"ရှင့်ကို တမ်းတမ်းတတကိုမွတ်သိပ်လာမိတယ်"

"ကိုယ်လည်းအဲ့လိုမျိုးခံစားနေရတယ် ကလေး။အဲ့ဒါကြောင့် ဖုန်းခေါ်လိုက်တာ"

"ရှင့်ကိုတမ်းတနေတဲ့အချိန်မျိုးမှာ ရှင်ကဖုန်းခေါ်တော့ပျော်ရွှင်မှုကိုခံစားရတယ်။ရှင့်အသံကိုကြားခွင့်ရတာကိုကျေနပ်မိတယ်"

"ကိုယ်လည်းအတူတူပါပဲ ကလေး"

ထိုအခိုက်တွင် ရုတ်တရက်ကြီးထ၍ နှိုင်းကRayကိုစကားတစ်ခုဆိုပါ၏။

"Honey.....!!"

"ဗျာ........!!"

"ရှင့်ဆီကို အခုပဲထွက်လာတော့မယ် Honey။ကျွန်မရှင့်ကိုအရမ်းတွေ့ချင်နေပြီ"

"ဘယ်လို...ကလေး"

"ဟုတ်တယ်....ရှင်ရှိနေတဲ့မြို့ကို အခုချက်ချင်းလာခဲ့ချင်နေမိပြီ"

"တကယ်လား ကလေး။ကိုယ့်ဆီကို မင်းတကယ်လာမှာလား"

"အခုတောင် မြို့ပြင်အဝေးပြေးလမ်းပေါ်မှာကျွန်မရှိနေတာပါ Honey"

"ဟာ.....ကလေး.....အခုချက်ချင်းဖုန်းချရင်ချလိုက်.....ဒါမှမဟုတ်လည်း ကားကိုရပ်ပြီးစကားဆက်ပြော....မင်းကိုကားမောင်းရင်း ဖုန်းမပြောဖို့မှာထားတာကိုမေ့သွားပြီလား"

Ray💛Where stories live. Discover now