Chapter(26)

24 4 0
                                    

“ဒီနေ့မိုးရွာမယ်ထင်တယ်။အဝေးပြေးလမ်းမှာကားလျှောက်မောင်းကြရအောင် Honey”

“အခုမှဆေးရုံက အိမ်ပြန်ရောက်တာနော် ကလေးမ။အဲ့လိုလျှောက်မသွားသင့်ဘူးလေ”

“မရဘူးကွာ။နှိုင်းကိုအပြင်လိုက်ပို့...”

“ကလေး....”

“နှိုင်း ငိုချင်လာပြီ”

စကားမဆုံးခင်သူမလေးက မျက်ရည်ကျနေပြီဖြစ်သည်။အရမ်းကိုကလေးဆန်သောသူမကို ဘယ်လိုမှမပြောရက်နိုင်သဖြင့် Rayသက်ပြင်းချလိုက်မိသည်။

“မင်းလေးသဘောပေါ့ကွာ။မငိုနဲ့။မင်းလေးငိုနေတာ ကိုယ်မကြည့်ရက်နိုင်ဘူးဆိုတာသိသားနဲ့”

”ဒါဆို အခုချက်ချင်းသွားကြမယ်လေ Honey”

ကားမောင်းရင်းနှိုင်းကိုRayကစိုးရိမ်တကြီးစကားဆိုသည်။

“မင်းလေးအပြင်ထွက်ချင်တယ်ဆိုလို့သာခွင့်ပြုရတာ။မင်းက အားနည်းနေသေးတာကို ကလေး‌ရယ်”

“နှိုင်းနေကောင်းပါတယ်”

“ဘာပဲဖြစ်ဖြစ်ကိုယ်စိတ်မချဘူးလေ”

နှိုင်းကမသိဟန်ဆောင်ရင်း လူလည်ကျ၍စကားလမ်းကြောင်းလွှဲသွားခဲ့သည်။

“မိုးတွေသည်းလာပြီ Honey”

“လူလည်ကျပြီး စကားလမ်းကြောင်းလွှဲပြန်ပြီ ဒီကလေးမ”

“ဟာ....အဲ့လိုမဟုတ်ပါဘူး”

နှိုင်းက ကလေးသေးသေးလေးလိုချွဲပျစ်နေခဲ့သောအခါ Rayအတွက်ခံနိုင်စွမ်းမဲ့ရပြန်၏။သူမလေးကိုမြတ်နိုးသောခံစားချက်များကိုပြောပြရန်စကားလုံးမရှိခဲ့ပါ။ချစ်ရတဲ့ကလေးအတွက် သူမလေးနှစ်သက်တတ်သောအရာတစ်ခုခုကိုဖန်တီးပေးချင်မိသည်။

“ကိုယ့်ကလေးလေးအတွက်တစ်ခုခုဖန်တီးပေးရမလား”

“ဘာလဲဟင်”

Rayက ကားမောင်းနေခြင်းကိုရပ်တန့်လိုက်သည်။သူမသည်မျက်လုံးမှိတ်ရင်းတစ်စုံတစ်ခုရွတ်ဆိုနေခဲ့၏။ထိုခဏတွင်အတားအဆီးတစ်ခုပေါ်လာခဲ့သည်။ထိုနေရာတစ်ဝိုက်တွင်အတားအဆီးတစ်ခုပေါ်လာခဲ့သည်ကိုကြည့်၍ နှိုင်းအံ့အားသင့်သွားရသည်။

RayWhere stories live. Discover now