Chapter(41)

83 5 0
                                    

“Honey....."

သူမရဲ့ခေါ်သံတိုးတိုးလေး.....။အဲ့ဒီခေါ်သံလေးက Rayအတွက်အရာရာဖြစ်‌တာမို့လို့.....အဲ့ဒီခေါ်သံလေးကိုကြားခွင့်ရခြင်းအတွက်......။

“ကလေး.....ကလေးလေး.....ကိုယ့်ကလေးလေးရယ်”

Rayကနှိုင်းရဲ့လက်ကလေးကိုကိုင်ရင်းတမ်းတမ်းတတညည်းညူမိသောအခါနှိုင်းကနှစ်သိမ့်ဟန်ဖြင့်Rayရဲ့လက်ကလေးကိုပြန်လည်ဖျစ်ညှစ်ဆုပ်ကိုင်လာခဲ့ပါ၏။

“နှိုင်းက Honeyကြီးစိတ်ပူအောင်အမြဲလုပ်မိတတ်တာပဲနော်။တောင်းပန်ပါတယ်Honey”

“ကလေး အပြစ်မှမဟုတ်တာပဲ ကလေးရယ်။ကိုယ်က စောင့်ရှောက်ပေးရမယ့်သူလေ။ကိုယ့်မှာပဲ တာဝန်ရှိတာပါ။ကိုယ်ဒီထက်ပိုပြီး ဂရုစိုက်မယ်”

“နှိုင်းသိတာပေါ့။Honeyက နှိုင်းတို့ကိုဘယ်လောက်အထိဂရုစိုက်ပေးသလဲ သိတာပေါ့ Honey"

“မင်းတို့သားအမိတွေကိုချစ်တယ်။မင်းတို့အတွက် ကိုယ်ကြိုးစားသွားမှာ။စိတ်ချပါ ကလေး။မင်းတို့အတွက်ထာဝရကိုယ်ရှိနေမှာ.....”

“အင်းပါ။နှိုင်းယုံပါတယ် Honeyရယ်။ဒါနဲ့ သမီးလေးတွေ နာမည်.....”

“ကိုယ်စဉ်းစားပြီးပြီကလေး”

“ဘာလဲဟင်။နှိုင်းကိုပြော Honey”

“အကြီးလေးကို လရောင်စဉ်အတ္တ။အင်း.....အငယ်လေးကို လရောင်စဉ်မဂ္ဂ.....။အဲ့လိုပေးဖို့စဉ်းစားထားတယ် ကလေး”

“အွန်း....နာမည်လေးတွေက လှလိုက်တာ”

“ကလေးလည်း သဘောကျတယ်လား”

“Honeyရဲ့အရာရာတိုင်းကိုသဘောကျတာလေ။အခုနာမည်တွေက Honeyကိုယ်တိုင်စဉ်းစားထားတာ။နှိုင်းဘယ်လောက်သဘောကျရသလဲသိလားဟင်”

“ဟုတ်ပါပြီ ကလေးရယ်။အခုတော့ ကိုယ့်ကလေးအနားယူတော့နော်။နောက်မှ သမီးလေးတွေအကြောင်း ဆက်ပြီး‌ပြောကြမယ်လေ”

“Honeyကြီးကိုချစ်တယ်သိလား”

နှိုင်းက ခပ်တိုးတိုးလေး“ချစ်တယ်”လို့ပြောရင်း မျက်လုံးလေးမှိတ်သွားခဲ့သည်။ထို့ကြောင့်Rayလည်းနှိုင်းအိပ်ပျော်စေဖို့ တယုတယသိပ်ပေးရင်းရှိနေခဲ့တာပေါ့။သူမလေးကို Rayရဲ့နှလုံးသားတစ်ခုလုံးနဲ့ ချစ်မြတ်နိုးကြောင်းတွေတွေးရင်းRayရှိနေခဲ့တာပေါ့။

RayWhere stories live. Discover now