Chapter(3)

255 13 0
                                    

"လာခဲ့ .....ကလေးမ"

ညနေစာကိုသေချာပြင်ဆင်ခူးခပ်ပြီးသောအခါ Rayက ခုံတွင်ထိုင်၍ နှိုင်းရဲ့ကိုယ်လေးကိုဆွဲယူရင်း ပေါင်ပေါ်တွင်ထိုင်ခိုင်းလိုက်ပါသည်။

အနှိုင်းမဲ့၏ကိုယ်လေးကို Rayရဲ့ပေါင်ပေါ်တင်ထားရင်း ထမင်းခွံ့ကျွေးရသည်မှာ Rayအတွက်တော့ ဘုရားသခင်၏လက်ဆောင်တစ်ခုထက်ပို၍ တန်ဖိုးကြီးနေသ‌လိုခံစားနေရ၏။

"Honey.....!!"

"Yes....Bae.....!!"

"အဲ့ပုစွန်ကိုခွံ့ကျွေးချင်လား Honey"

"မင်းမှမကြိုက်တာကို ကလေးမရယ်။ဘယ်တုန်းက မင်းကိုကျွေးခဲ့ဖူးလို့လဲ"

"ဒီနေ့ ကျွန်မက ပုစွန်စားမယ်ဆိုရင်ရော"

"မင်းက ပုစွန်ကိုတကယ်စားမလို့လား။အဲ့ဒါကို သေလောက်အောင်မုန်းတာ ကိုယ်သိနေတာကိုကွာ"

"ရှင့်ကို ချစ်လို့လေ။ရှင့်နဲ့အတူတူ ပုစွန်စားမယ်။အခုခွံ့ကျွေးတော့ Honey"

"ကလေး.....! မဟုတ်တာတွေပြောနေပြန်ပြီ"

"တကယ်ပါဆို။အခုခွံ့ကျွေးလေ Honey"

နှိုင်း၏မျက်နှာလေးကို သေချာကြည့်ရင်းRayက

"ကောင်းပါပြီဗျာ။မင်းသဘောပေါ့"

တစ်နေ့တစ်နေ့ ထမင်းစားတိုင်း တစ်ယောက်ကိုတစ်ယောက်အဲ့ဒီလိုမျိုးခွံ့ကျွေးကြည်စယ်တတ်ကြသည်မှာ နှိုင်းတို့နှစ်ဦး၏မရိုးနိုင်သောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။

နှိုင်းနှင့်‌Rayတို့နှစ်ဦးသား ကလူကြည်စယ်နေစဉ်တွင် Ray၏ဖုန်းထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါ၏။Rayက ဖုန်းကိုတစ်ချက်ကြည့်ပြီး screenကိုပိတ်လိုက်၍မကိုင်ပဲနေလိုက်ရင်း နှိုင်းကိုထမင်းခွံ့ကျွေးခြင်းအား ဂရုတစိုက်ဆက်လက်လုပ်ကိုင်နေခဲ့သည်။

"Honey....ဖုန်းမကိုင်ဘူးလား"

"ကိုယ့်ကလေးကို ဂရုစိုက်နေတဲ့အချိန်မှာ ဘယ်တုန်းကများ ဖုန်းကိုင်ခဲ့ဖူးလို့လဲ"

"ဒါပေမယ့် နှိုင်းတွေ့လိုက်တယ်။အဲ့ဒါက အရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုမဟုတ်လား"

RayWhere stories live. Discover now