Chapter(32)

32 4 0
                                    

ယခုအချိန်အထိနိုးမလာခဲ့ပဲငြိမ်သက်နေခဲ့သောနှိုင်းကိုကြည့်ရင်းRayမျက်ရည်ကျလာပြန်သည်။ဒီကလေးလေးကိုအရမ်းချစ်ရတာလေ။သူမတစ်ခုခုဖြစ်သွားမှာကို Rayအရမ်းကြောက်နေမိပြီဖြစ်သည်။ယခုတစ်ခေါက်ထပ်မံ၍သူမကိုဆုံးရှုံးရမည်ဆိုလျှင်.....Rayဆက်မတွေးရဲတော့ပါ။

ဆရာဝန်ပြောတာကတော့ အလွန်အမင်းထိတ်လန့်သွားသဖြင့်နှလုံးကမခံနိုင်ပဲအခုလိုဖြစ်သွားရတာဟုဆိုသည်။စိတ်အရမ်းမပူဖို့လည်းဆရာဝန်ကနှစ်သိမ့်ပါ၏။ဒါပေမယ့်ကလေးလေးကိုအရမ်းစိတ်ပူနေခဲ့မိတာ။

သူမကိုရင်ခွင်ထဲပွေ့ထားလိုက်၊ထိုသို့ရင်ခွင်ထဲ‌ပွေ့ထားရင်းအချိန်ကြာလာသောအခါ မိမိရဲ့လက်ထဲမှာ နှိုင်းရဲ့ခန္ဓာကိုယ်လေးနာကျင်မှာစိုးရိမ်သဖြင့်အိပ်ယာထဲသို့အသာပြန်ချထားပေးလိုက်နှင့်Rayအလုပ်ရှုပ်နေခဲ့တာလေ။ယခုတဖန်သူမကိုပွေ့ပိုက်ထားချင်မိသဖြင့်အိပ်ရာထဲမှအသာမယူလိုက်ရင်းRayရဲ့ရင်ခွင်ထဲမှာထည့်ထားမိပြန်သည်။

မိမိရဲ့ရင်ခွင်ထဲမှာပျော့ခွေငြိမ်သက်နေခဲ့သောနှိုင်းကိုငုံ့ကြည့်နေမိရင်းRayရဲ့မျက်ရည်တွေကထပ်မံကျဆင်းလာသည်။

"မြန်မြန်နိုးလာစမ်းပါကလေးလေးရယ်။ကိုယ့်ကိုစကားတွေထပြီးများစမ်းပါ။မင်းလေးစကားတွေများနေမှကိုယ်နေတတ်တာသိသားနဲ့။ရင်ဘတ်....ဟုတ်တယ်.....ကိုယ့်ရင်ဘတ်ကြီးကလည်းမင်းလေးကိုတမ်းတနေတာကလေးရဲ့။အခုနိုးလာပြီးကိုယ့်ရင်ဘတ်ကိုနှိပ်စက်စမ်းပါကွာ။ကိုယ့်ကိုစိတ်ကောက်နေတာမလား။ကိုယ့်ကိုအပြစ်ပေးလေ ကလေး။အခုလိုလုပ်မနေပါနဲ့ကလေးရယ်။ဂျယ်လီရော....ကိုယ့်ကလေးလေးကဂျယ်လီသိပ်ကြိုက်တတ်တာမလား။ဂျယ်လီမစားချင်ဘူးလားကလေး။အခုလိုမင်းလေးအိပ်နေရင်ဂျယ်လီစားလို့ဘယ်ရမလဲကလေးရဲ့။အခုထတော့နော်"

Rayတစ်ယောက်ထဲနှိုင်းကိုစကားတွေပြောနေမိသည်။မိမိရင်ခွင်ထဲမှာရှိနေတဲ့နှိုင်းရဲ့ငြိမ်သက်နေခြင်းကိုမြင်ရတာRayသိပ်မုန်းတယ်လေ။နှိုင်းကစကားတွေများပြီး မိမိကိုလိုက်ရှုပ်နေတာမျိုးပဲ Rayလိုချင်ခဲ့တာ။

Rayရဲ့လက်ချောင်းလေးတွေကနှိုင်းရဲ့ဆံနွယ်လေးတွေကိုဖွဖွသပ်ပေးရင်းရှိနေမိသည်။ထိုခဏတွင်သူမလေးဆီမှမိမိသိပ်မြတ်နိုးရသောခေါ်သံလေးကိုRayကြားလိုက်ရပါ၏။

RayWhere stories live. Discover now