Chapter(35)

39 3 0
                                    

“Honey.....Honey‌‌ေရ...... နှိုင်းခေါ်နေတယ်လေ.....Honey....လို့....”

“အာ....အင်း.....ကလေး.....ကိုယ့်ကိုခေါ်နေတာပဲ.....ဗျာ......ဗျာ.....ဘာပြောချင်လို့လဲ ကလေး....”

“ရှင်ကြီးရဲ့မျက်နှာက ဘာဖြစ်နေတာလဲဟင်"

“ဟင်.....ဘာဖြစ်နေလို့လဲ။ဘာမှမဖြစ်ပါဘူး ကလေးရဲ့"

“ရှင့်ရဲ့ဆိုးဝါးလှတဲ့မျက်နှာကြီးကို ကျွန်မမြင်နေရတာလေ။ဘယ်လိုတောင်ဘာမှမဖြစ်ဘူးလို့ပြောနေနိုင်ရတာတုန်း”

“အဲ့.....အဲ့ဒါက....."

“ဘာတွေလျှောက်တွေးနေမှန်းလဲမသိဘူး။နှိုင်းခေါ်နေတာလည်းမြန်မြန်ပြန်မထူးဘူး။ရှင်ကြီးဘာဖြစ်နေတာလဲ Honeyရာ....."

“ကိုယ့်ကလေးလေး နေမကောင်းတာကိုကိုယ့်စိတ်ထဲမှာဘယ်လိုမှနေလို့အဆင်မပြေဘူးဖြစ်နေတာ......ကိုယ့်ကြောင့်......"

“ဟာ....တိတ်ထားစမ်း Honeyကြီး။အဲ့ကိစ္စကိုထပ်မစဉ်းစားနဲ့။ပြောလည်းမပြောနဲ့။နှိုင်း ဘာမှမဖြစ်တာကို.....အဲ့လိုကြီးဖြစ်မနေနဲ့။နှိုင်းမကြိုက်ဘူးနော်"

“အင်းပါ.....မင်းမကြိုက်တာကိုမလုပ်တော့ဘူးနော်”

“လိမ်လိမ်မာမာနေစမ်းပါ Honeyရယ်။မဖြစ်ဘူး။နောက်ဆို သမီးလေးကို နှိုင်းနဲ့ကူပြီးဆုံးမပေးခိုင်းရမယ်။ပါးပါးမလိမ္မာရင် သမီးလေးနဲ့တိုင်ပြောမှာ........"

“ဟာ......သမီးလေးကကိုယ့်ကိုပြန်ပြီးဆုံးမမယ်ပေါ့လေ။မရဘူးနော်။ကိုယ်မခံဘူး.....အော်ငိုမှာ.....သားအမိနှစ်ယောက်ပေါင်းပြီးအနိုင်ကျင့်နေပါတယ်လို့........”

“ကြည့်စမ်း....အရှက်လည်းမရှိဘူး။ ကလေးလည်းမဟုတ်ပဲနဲ့ရှင်ကြီးက ငိုနေဦးမယ်ပေါ့"

Rayရဲ့ပံုစံကိုကြည့်ပြီးနှိုင်းက သဘောကျဟန်ဖြင့်ရယ်မောနေသောအခါ ထိုရယ်မောသံလွင်လွင်လေးများက Rayရဲ့နှလုံးသားလေးကိုငြိမ်းချမ်းမှုများဆောင်ယူလာပေးခဲ့လေ၏။ရုတ်တရက် နှိုင်းက စကားစလာပြန်၏။

“Honey......."

“ဗျာ....."

“အိမ်ပြန်ကြရအောင်....."

“မင်းလေးနေကောင်းရင်ပြန်ရမှာပေါ့”

“အခုနေကောင်းနေပြီပဲကို....."

RayWhere stories live. Discover now