Chapter(10)

59 2 0
                                    

ရေးလက်စစာအုပ်ကိုအဆုံးသတ်ရန်အတွက် နှိုင်းအလုပ်များနေခဲ့သည်။ထိုစာအုပ်ကိုနေ့ရောညပါ ရေးသားရင်း ပင်ပန်းနေခဲ့ရသည်။နှိုင်းက ကျန်းမာရေးချူချာတတ်သူဖြစ်တာကြောင့်ပင်ပန်းတာနှင့်နေမကောင်းဖြစ်လေ့ရှိသည်။ယခုလည်း အနည်းငယ်ကိုယ်ပူနေပြီဖြစ်တာကို နှိုင်းသတိပြုမိလိုက်သည်။

ထိုသို့နေမကောင်းသည့်ကိစ္စကိုချစ်ရသူအားမပြောပဲထားဖို့ နှိုင်းဆုံးဖြတ်လိုက်သည်။မိမိကိုအရမ်းစိတ်ပူတတ်သော Rayအားအလုပ်မရှုပ်စေချင်သဖြင့် ထိုသို့ဆုံးဖြတ်မိခြင်းလည်းဖြစ်သည်။

ထိုခဏတွင် နှိုင်းထံသို့Rayရောက်လာခဲ့သည်။အလုပ်ကိစ္စတစ်ခုခုလုပ်ပြီးအပြင်ကပြန်လာဟန်ရှိ‌သောသူမက အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်လိုက်ရင်း စားပွဲပေါ်ပစ်တင်လိုက်သည်။ထိုအင်္ကျီ၏အတွင်းဘက်အိတ်ကပ်ထဲရှိသေနတ်သည် စားပွဲ‌ပေါ်သို့ထွက်ကျလာခဲ့သည်။

Rayကနှိုင်းအလုပ်စားပွဲရှေ့ထိုင်ခုံတွင်ထိုင်လိုက်ရင်း နှိုင်းကိုစကားဆိုသည်။သူမ၏ပုံစံကပင်ပန်းနေဟန်ရှိသော်လည်း နှိုင်းကိုသာစိုးရိမ်တကြီးမေးခွန်းထုတ်လာခဲ့သည်။

“အလုပ်တွေများပြီး ကိုယ့်ကလေးလေးပင်ပန်းနေပြီထင်တယ်"

“ပင်ပန်းတယ်။ဒါပေမယ့် Honeyဆီကအချစ်တွေရလို့ ပင်ပန်းတာတွေပျောက်သွားတတ်တာ သိတယ်မဟုတ်လား"

"ကိုယ်သေချာသိတာပေါ့ ကလေးရဲ့။လာပါဦး..... ကိုယ့်ပေါင်ပေါ်ကို"

နှိုင်းကRayပေါင်ပေါ်တွင်ထိုင်လိုက်ရင်း Rayကိုဖက်ထားလိုက်သည်။နှိုင်းကိုပွေ့ဖက်မိသောအခါ နှိုင်းကိုယ်လေးမှအပူဓာတ်ငွေ့ငွေ့ကိုခံစားမိသဖြင့် Rayကမေးမြန်းလာခဲ့သည်။

"ကိုယ့်ကလေးလေး ကိုယ်တွေပူနေတာလား"

"အဲ့ဒါက..."

"နေမကောင်းတာမပြောပဲနေနေတယ်လား ကလေး"

"ရှင်က ပင်ပန်းနေတာကို နှိုင်းအတွက်နဲ့ ထပ်ပြီး......"

"မင်းကို ပြောထားပြီးပြီလေ။ဘာမဆို ကိုယ့်ကိုပြောရမယ်လို့"

RayWhere stories live. Discover now