Chapter(1)

1K 36 0
                                    

အနှိုင်းမဲ့သည် လက်ထဲတွင်ဆုပ်ကိုင်ထားသော စာရေးဆရာမြတ်ငြိမ်း၏ 'နှောင်' ဟုအမည်ရသည့် စာအုပ်လေးကို ခပ်ငေးငေးလေးကြည့်နေမိသည်။နှိုင်းက စာဖတ်ရခြင်းကို အလွန်နှစ်ခြိုက်သူဖြစ်သည့်အတွက် စာအုပ်များစွာကို တစ်အုပ်မကျန်လက်လှမ်းမှီသလောက် ဝယ်ယူဖတ်ရှုလေ့ရှိသူတစ်ဦးဖြစ်သည်။

နှိုင်းသည် ပျော်ရွှင်နေချိန်တွင် စာဖတ်၏။ကြေကွဲပင်ပန်းနေချိန်တွင် စာဖတ်၏။တစ်ခုခုကိုလေ့လာချင်စိတ်ဖြစ်လာသောအခါ စာဖတ်၏။ပျင်းလျှင် စာဖတ်၏။စိတ်အားထက်သန်နေချိန်တွင်လည်း စာဖတ်၏။တစ်ယောက်ထဲ ဖြစ်နေချိန်များတွင် စာဖတ်၏။အချိန်မရွေး နေရာမရွေး စာဖတ်ချင်စိတ်ဖြစ်ပေါ်လာလျှင် စာဖတ်၏။

ထို့အပြင် ချစ်ရသူကိုသတိရချိန်တွင်လည်း စာဖတ်နေတတ်၏။

ဒါပေါ့။အခု နှိုင်းကနှိုင်းနဲ့လက်ထပ်ထားတဲ့ နှိုင်းရဲ့အရှင်သခင်....ပြီးတော့ နှိုင်းရဲ့နှလုံးသားတစ်ခုလုံးနှင့်ချစ်ရသူ နေနန်းရောင်စဉ်ဆိုတဲ့ကောင်မလေးကို သတိရနေတာလေ။နှိုင်းက အမြတ်တနိုး Ray လို့ခေါ်ရတဲ့ နှိုင်းကို ပိုင်ဆိုင်တဲ့ ကောင်မလေးပေါ့။

အဲ့ဒီလက်ထပ်ခြင်းနှင့်ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းတွေကိုပိုမိုခံစားမိစေတာက နံရံအပြည့်အလှဆင်ထားတဲ့ ‌အနှိုင်းမဲ့နှင့်နေနန်းရောင်စဉ်တို့နှစ်ဦး၏ဓာတ်ပုံဖြစ်သည်။

ထိုဓာတ်ပုံထဲတွင် Rayက အနှိုင်းမဲ့ကိုမက်မက်မောမောနမ်းရှိုက်ရင်းပွေ့ဖက်ထားခဲ့သည်ကို နှိုင်းကြည့်မိတိုင်း နှိုင်းရဲ့ခန္ဓာကိုယ်တွင်Ray၏မက်မောစရာကောင်းသောလက်တစ်စုံကို ခံစားမိရသည်အထိ ခံစားချက်များစွာကမှော်ဝင်နေတတ်ပါ၏။

လောလောဆယ်မှာ‌တော့ Rayက သူမရဲ့များပြားလှသည့်အလုပ်ကိစ္စများစွာအတွက် ခရီးထွက်သွားခဲ့တာလေ။ဒီနေ့ပြန်လာမယ်လို့ နှိုင်းသိထားတာကြောင့် သူမကိုမျှော်နေမိခဲ့တာ။

နှိုင်းသည် ကုတင်ပေါ်တွင်ထိုင်ရင်း စာအုပ်လေးကိုပွေ့ဖက်ထားရင်း Rayအကြောင်းကို တစိမ့်စိမ့်တွေးနေမိခဲ့၏။Ray၏ဆွဲယူညှို့ငင်နိုင်လွန်းသော မြတ်နိုးဖွယ်ရာအကြောင်းအရာများစွာကိုပေါ့။

RayWhere stories live. Discover now