🍁Part 57🍁

Depuis le début
                                    

"ငါ စိတ်ရှိတိုင်းလုပ်လိုက်လို့ အစ်ကိုကြီးဆိုတဲ့ ရာထူးကို ရသွားမှ အခုလို ပြောင်နိုင်အုံးမလား ကြည့်အုံးမယ်"

"အစ်ကို့!...ကလေး ရှေ့မှာ ဘာတွေပြောနေတာလဲ"

"အသည်းရော နောက်တစ်ယောက် မယူချင်ဘူးလားဟင်"

"ကြည့် ပြောလေကဲလေ...တော်ပြီ သွားတော့မယ်...အစ်ကို့ဘာသာ နေခဲ့တော့"

ပြောပြီး ရှက်ရမ်းရမ်းကာ အိမ်တံခါးဝသို့ ပြေးသွားသော အလင်္ကာကိုကြည့်ကာ မျိုးမာန် ပြုံးနေသည်။

"ဖေဖေ သွားမယ်လေ..."

ချထားသော သူ့လက်ကိုလာကိုင်မှ ဘေးမှာ သားဖြစ်သူရှိမှန်း သတိရတော့သည်။ အလင်္ကာတစ်ယောက် ရှက်ရှက်နဲ့ သားကို မေ့သွားခဲ့ပုံရသည်။ မျိုးမာန်လည်း အလင်းကို ကောက်ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကိုနမ်းကာ

"သားလေး... ညီမလေးလိုချင်လား ညီလေးလိုချင်လား"

"လေးယောက်"

"ဟမ်"

လက်လေး လေးချောင်းထောင်ပြကာ ပြောလာသော ကလေးကြောင့် မျိုးမာန် ကြောင်ကြည့်နေတုန်း အလင်းက သူ့လည်တိုင်ကို ဖက်ကာ ပြောလာသော စကားကြောင့် သူသဘောကျရယ်မိသွားရသည်။

"ညီလေးနှစ်ယောက် ညီမလေးနှစ်ယောက်"

"ဟားဟားးး လိမ္မာလိုက်တဲ့ ငါ့မိန်းမသားလေ...မပူနဲ့ ငါ့သားလိုချင်တာ ရစေရမယ်"

"အစ်ကို မလာသေးဘူးလား"

"လာပါပြီ ကလေး၅ယောက် မေမေရေ..."

"အစ်ကို့!!! "

အလင်္ကာအော်သံအဆုံး အိမ်လေးအတွင်း မျိုးမာန်နဲ့ အလင်းလေး၏ ရယ်သံတို့က ပျံ့လွှင့်သွားတော့သည်။

ထို့နောက် အလင်းလေး၏ လက်ကိုဆွဲကာ သားအမိသားအဖသုံးယောက် ဟိန်းလင်းလျာအိမ်သို့ ချီတက်ခဲ့ကြသည်။ မျိုးမာန်တို့ ဟိန်း၏ အိမ်ထဲရောက်တာ့ ဟိန်း၏မိဘများက အပေါ်ထပ်မှာဟုဆိုကာ တက်သွားခိုင်းသည်ကြောင့် သူတို့လည်း အပေါ်သို့တက်လာခဲ့သည်။ အပေါ်သို့ ရောက်ရောက်ခြင်းမှာပင် စေ့ရုံစေ့ထားသောအခန်းရှေ့အရောက် ကြားလိုက်ရသော စကားများကြောင့် မျိုးမာန်တို့ ခြေလှမ်းများ ရပ်တန့်ကုန်ကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။ သို့နှင့် အခန်းထဲမ၀င်သေးပဲ စကားသံများအား ထပ်မံ၍နားစွင့်နေလိုက်သည်။ အခန်းထဲမှ ဟိန်းနဲ့ အိနြေ္ဒတို့၏ အချေအတင်ဖြစ်နေသော စကားသံများက ထွက်ပေါ်လာပြန်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Où les histoires vivent. Découvrez maintenant