"ဝါးးး မေမေ အရမ်းလှတာပဲ"

မျိုးမာန်က ဇနီးဖြစ်သူအား ငေးကောင်းကောင်းနဲ့ငေးနေစဉ် အနားတွင်ရှိသော သားဖြစ်သူ၏ အသံကြားမှ အကြည့်တို့ကိုလွှဲလိုက်သည်။ အလင်္ကာကလည်း သားဖြစ်သူစကားကြောင့် သဘောတကျပြုံးမိသွားရသည်။

"မေမေ့သားလေးကလည်း အရမ်းချော အရမ်းခန့်နေပါတယ်ရှင်"

"အလင်းက တကယ်ပြောနေတာ... မေမေ အရမ်းလှတာပဲ"

မျိုးမာန် အလင်္ကာ့အား မျက်ဝန်းပြာလေးများပြူးကျယ်ကာ စိုက်ကြည့်နေသော သားဖြစ်သူ၏ မျက်ဝန်းများကို လက်ဖြင့်အုပ်လိုက်ပြီး

"ဟေ့ကောင်...ငါ့မိန်းမကို အဲ့လောက်မကြည့်နဲ့"

"အလင်းမေမေမို့လို့ အလင်းကြည့်တာ...ဖေဖေနဲ့ ဘာဆိုင်လို့လဲ"

အလင်းလည်း သူ့မျက်လုံးများအား အုပ်ထားသော လက်များကို ဆွဲချကာ ပြန်ပြောသည်။

"ဘာလို့မဆိုင်ရမှာလဲ အဲ့တာငါ့မိန်းမကွ"

"အဲ့ဒါ အလင်းရဲ့မေမေ"

"မင်းမေမေထက် ငါ့မိန်းမအရင်ဖြစ်တာကွ"

ထိုစကားကြောင့် အလင်းမျက်နှာလေးက စူပုတ်ပုတ်လေးဖြစ်သွားပြီး အလင်္ကာကို မျက်လုံးလှန်ကြည့်ကာ

"မေမေက ဘာလို့ အလင်းမေမေ အရင်မလုပ်ပဲ ဖေဖေမိန်းမ အရင်လုပ်တာလဲ"

"ဟင်"

မေးလာသော အလင်း၏စကားကြောင့် အလင်္ကာတစ်ယောက် ဆွံ့အသွားသလို မျိုးမာန်ကတော့ အော်ရယ်ပါတော့သည်။

"ဟားဟား...အဲ့တာ ငါ့ကိုပိုချစ်လို့ပေါ့ကွ... မင်းက နောက်မှပေါက်တဲ့ကောင်..."

"အင့်..."

အလင်းထံမှ ရှိုက်သံလေးထွက်လာသည်ကြောင့် အလင်္ကာ ခင်ပွန်းဖြစ်သူအား မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ပြီး သားဖြစ်သူရှေ့ ဒူးထောက်ထိုင်လိုက်ကာ

"မဟုတ်ဘူးနော် သား...မေမေက အလင်းကိုပဲ ပိုချစ်တာ...အဲ့ဖေဖေကို မချစ်ဘူးနော်..."

အလင်္ကာ့ထံမှ စကားကြောင့် အလင်းမျက်နှာလေးက ပြုံးသွားပြီး မျိုးမာန်ကို ကြည့်ပြီး လျှာထုတ်ကာ ပြောင်ပြလိုက်သည်။ မျိုးမာန်လည်း သားဖြစ်သူ၏ မျက်နှာအမူအရာကြောင့် နှုတ်ခမ်းတစ်ဖက်ကိုမဲ့ချလိုက်ပြီး

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now