Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-2 ပူးပေါင်း ဆောင်ရွက်ခြင်း-2

Start from the beginning
                                    

ရှုရန်က မတ်တပ်ထရပ်လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ "ဒါဆို ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်ကြပါစို့။"

သူတို့ရဲ့လက်ဆွဲနှုတ်ဆက်ခြင်း အဓိပ္ပါယ်ကို လင်းဟွာ နားမလည်သော်ငြားလည်း သူတို့နှစ်ယောက်စလုံး သူတို့ရဲ့လက်တွေကို ဆန့်ထုတ်လိုက်ကြဆဲ ဖြစ်တယ်။ ထို့ကြောင့် သူတို့ရဲ့လက်သုံးဖက်က တစ်ဖက်နဲ့တစ်ဖက် ခဏလောက် ထပ်သွားကြပြီးနောက် ခွဲခွာသွားကြတယ်။ ဒီလိုမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်ကပြီးမြောက်သွားခဲ့တယ်။

ပြန်ထိုင်ချလိုက်ကြပြီးနောက် ရှုရန်က ဆက်ပြောလိုက်တယ်။ "အရင်ဦးဆုံး ဒီအကြောင်းကို တခြားလူတွေကို မပြောပြကြသေးနဲ့အုံး။ ပြင်ပမှာ သတင်းအချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ လူတွေအများကြီး ရှိတယ်။ ငါတို့စာမေးပွဲစာရင်း မထုတ်ပြန်ခင် အလုပ်မြန်မြန် လုပ်ပြီးတော့ ဆိုင်ခန်းကို အဆင်သင့်ဖြစ်အောင် လုပ်ထားနိုင်သရွေ့ မိသားစုစည်းမျဥ်းတွေနဲ့ မင်းတို့တွေ သေချာပေါက် အပြစ်ပေးခံရမှာ မဟုတ်ဘူး။"

နှစ်ယောက်စလုံး ဒီအကြောင်းကို တွေးလိုက်မိပြီး သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်ကြတယ်။

ရှုရန်က ဆက်ပြောလိုက်တယ်။ "မင်းတို့ရဲ့ငရုတ်သီးနဲ့ ပဲပိစပ် စုဆောင်းတဲ့အရှိန်ကိုတော့ မြင့်ဖို့ လိုအပ်လိမ့်မယ်။ ငါ့မိသားစုမှာက အိမ်အသစ် ဆောက်လုပ်နေဆဲပဲသေး။ ပြီးတော့ ငါ့ခင်ပွန်းသည်နဲ့ ကလေးနှစ်ယောက်တည်း အိမ်မှာရှိနေတာမလို့ ငါအိမ်ဆီ အမြန်ပြန်ပြေးရမယ်။ သူတို့တွေကို စိတ်ပူနေမိတယ်။ ဒါ့အပြင် ငါမထွက်သွားခင်မှာ မင်းတို့တွေကို ငွေအတုံးတစ်ရာ ပေးထားခဲ့မယ်။ ဒါကို ငါ့ရဲ့မင်းတို့ကုန်ပစ္စည်းကို ဝယ်ယူမှုအတွက် ကြိုတင်ငွေပေးချေမှုလို့ မင်းတို့ ယူဆနိုင်တယ်။ ဒါကလည်း မင်းတို့တွေကို ဒီစီးပွားရေးအတွက် စိတ်အေးလက်အေး ရှိနေစေမှာပါ။ မင်းတို့တွေဆီ ငါငရုတ်အနှစ် ယူလာပေးတဲ့အချိန်ကျမှ ဒီငွေတွေကို ငါ့ဆီပြန်ပေးနိုင်တယ်။"

ရှုရန်ရဲ့စကားသံ ထွက်ကျလာတာနဲ့ လင်းဟွာက ပြန်ပြောလိုက်တယ်။ "ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ငွေအတုံးတစ်ရာကိုတော့ ငါတို့တွေ ထုတ်နိုင်ပါသေးတယ်။ ဒါ့အပြင် ငါတို့တွေက အလုပ်အတူတူ လုပ်ကြမှာလေ။ မင်းကို ယုံကြည်သင့်တာပေါ့။ ငါတို့တွေက အချိန်အကြာကြီး သိခဲ့ကြတာ မဟုတ်ပေမဲ့လည်း ငါ့ရဲ့နှစ်ပေါင်းများစွာ လူတွေကို ဖတ်လာခဲ့တဲ့ အတွေ့အကြုံအရ မင်းက လူကောင်းတစ်ယောက် ဆိုတာကို ငါသိတယ်။"

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now