Chapter(71):အပြုံး-1

4.6K 894 19
                                    

Zawgyi

ဝုမိန်နဲ့ သူ့ရဲ့အပေါင်းအဖော်တို့တတွေက ရှုရန်ရဲ့အထုပ်အပိုးခြင်းတောင်းက အလွတ်ကြီးဖြစ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာ သူတို့ဘာမေးခွန်းကိုမှ မမေးကြပါဘူး။ ရှုရန်က မြို့ပေါ်ကို မကြာခဏလာတတ်တာဆိုတော့ ဒီနေရာမှာ သူ့ရဲ့အသိအကျွမ်းတွေ ရှိနေမှာပဲလေ။ အဲ့ဒါကြောင့် သူတို့တွေကို ပစ္စည်းအနည်းငယ်ပေးတာက သူ့အတွက် ပုံမှန်ပဲဖြစ်တယ်။ ဒါ့အပြင်ကို ဒါကလည်း ဒီနေရာဆီကို ရှုရန်က သူနဲ့အတူ အပိုယူဆောင်လာခဲ့တဲ့ ပစ္စည်းပမာဏဖြစ်တယ်။

"စီးပွားရေးအခြေအနေက ဘယ်လိုနေလဲ?" ရှုရန်က သူတို့ဆီ ချဉ်းကပ်လာပြီးတော့ မေးလိုက်တယ်။

ဝုမိန်က အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။ "မဆိုးပါဘူး။ မနေ့ကလာဝယ်ခဲ့ဖူးတဲ့ လူတွေကလည်း ထပ်လာဝယ်ကြတယ်။ ပြီးတော့ ဒီမှာလာဝယ်ဖို့ သူတို့ရဲ့မိတ်ဆွေအချို့ကိုလည်း မိတ်ဆက်ပေးခဲ့သေးတယ်။ ရှုရန် မင်းက အရမ်းထက်မြက်တာပဲ။ ဒီလိုမျိုးနည်းလမ်းမျိုးကိုတောင် မင်းစဉ်းစားမိတယ်။"

"ဟုတ်တယ်။ ဟုတ်တယ်!" ဝုလန်နဲ့ လျိုချင်တို့ကလည်း သံယောင်လိုက်လိုက်ကြတယ်။

ဒီအလုပ်က အားအင်မကုန်ခမ်းစေပါဘူး။ ပြီးတော့ ဒီအလုပ်က မြေကွက်တွေပေါ်မှာ မှီခိုနေရတာထက် ငွေရှာရတာ ပိုပြီးလွယ်ကူမြန်ဆန်တယ်။

သူတို့တွေ စကားအချို့ ဖလှယ်ပြောဆိုပြီးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ဈေးဝယ်ယူဖို့ရောက်လာခဲ့တယ်။ ထို့နောက် ဝုမိန်ကဈေးဝယ်သူကို နှုတ်ဆက်နေတာကို ရှုရန်တွေ့လိုက်ရပြီးတော့ ဒီနေရာမှာသူလုပ်နိုင်တာ ဘာတစ်ခုမှမရှိဘူးဆိုတာကို သူနားလည်သဘောပေါက်သွားတော့တယ်။ ပိုပြီးအရေးကြီးတာက တကယ်လို့ ယောက်ျားတစ်ယောက်ဖြစ်တဲ့သူက ကောသုံးယောက်နဲ့အတူတူနေနေရင် အဲ့ဒါက တခြားလူတွေ အတင်းစကားပြောဖို့အတွက် လွယ်ကူသွားလိမ့်မယ်။ ထို့ကြောင့် ရှုရန်က သူတို့ရဲ့သစ်အယ်သီးတွေကို သိုလှောင်ပြီး ထားထားတဲ့နေရာကနေ သစ်အယ်သီးအချို့ကို ကောက်ယူလိုက်ပြီးတော့ သူ့ရဲ့အထုပ်အပိုးခြင်းတောင်းထဲကို ထည့်လိုက်တယ်။ ဝုမိန်တစ်ယောက် သူ့အလုပ်ကို လုပ်ပြီးသွားတဲ့အချိန်ကျမှ ရှုရန်က သူ့ကိုပြောလိုက်တယ်။ "ဝုမိန် ငါဒီသစ်အယ်သီးတွေကို တခြားလူတွေဆီပေးမလို့။ မင်းငါ့အတွက် နောက်ထပ် သစ်အယ်သီးကြော်နှစ်အိတ်ကိုပဲ ပြင်ဆင်ပေးပါ။" သူစကားပြောပြီးတာနဲ့ သူ့လက်ထဲမှာရှိတဲ့ ပြင်ဆင်ထားတဲ့ကျသင့်ငွေကို သူ့ဆီကမ်းပေးမလို့ လုပ်လိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now