Chapter(43):အကြံညဏ် အကွံညဏျ

5.5K 1.1K 6
                                    

Zawgyi

မြို့ကိုရောက်တော့ လျိုထုံက နွားလှည်းရပ်တဲ့နေရာကို အရင်သွားလိုက်ပြီး ကြေးပြားအနည်းငယ် သုံးပြီးတော့ တစ်စုံတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားလိုက်တယ်။

ထို့နောက် သူသူ့မိသားစုကို ဦးဆောင်ပြီးတော့ ဆိုင်ရှင်ချန်ရဲ့စားသောက်ဆိုင်ဆီ သွားတော့တယ်။

ဆိုင်ရှင်ချန်က လျိုထုံအလိုအရမ်းလိုက်လွန်းတဲ့ ရှုရန်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာဖြစ်တယ်။

နှစ်ယောက်သား အချိန်ခဏလောက်ကြာအောင် အာလပသလ္လာပတွေ ပြောဆိုပြီးနောက် လျိုထုံက ငရုတ်အနှစ်အားလုံးကို ဆိုင်ရှင်ချန်ဆီပေးပြီး ပြောလိုက်တယ်။ "ဆိုင်ရှင်ချန် ဒါတွေက ကျွန်တော်တို့အိမ်မှာ ရှိသမျှအားလုံးပဲ။ နောက်တစ်သုတ်ကတော့ ရက်အနည်းငယ်ကြာလိမ့်မယ်။ အဲ့ဒါကြောင့် အခုလောလောဆယ်မှာတော့ ဒါတွေကို နည်းနည်းချွေချွေတာတာ ရောင်းမှရလိမ့်မယ်။"

"ကောင်းပြီ..." ဆိုင်ရှင်ချန်က အနည်းငယ်
ကသိကအောက်ဖြစ်သွားတယ်။ "နည်းနည်းမြန်မြန်
လုပ်ပေးလို့ရမလား? စားသုံးသူတွေက သူတို့ကိုဝယ်တာ အကျင့်တစ်ခုလိုမျိုး ဖြစ်နေပြီ။ ငါကြောက်တာက ငါရုတ်တရက်ကုန်ပစ္စည်းကို ဖြတ်ချလိုက်မယ်ဆိုရင် သူတို့တွေ မကျေနပ်ကြမှာကိုပဲ။ သူတို့တွေက ငါ့ရဲ့ပုံမှန်ဖောက်သည်တွေ။"

ပုံမှန်ဖောက်သည်တွေက ဆိုင်တစ်ဆိုင်အတွက် အလွန်ကိုအရေးကြီးတယ်။ ယခုကာလမှာ သူတို့ရဲ့စားစရိတ်က ငရုတ်အနှစ်တွေအတွက် ဆိုင်ရှင်ချန်ရဲ့ဈေးနှုန်းမြင့်မြင့်နဲ့ ကမ်းလှမ်းမှုပေါ်မှာ မူတည်နေတာဖြစ်တယ်။ လျိုထုံကလည်းပဲ အနည်းငယ်ချီတုံချတုံဖြစ်သွားပြီးတော့ ရှုရန်ကိုလှည့်ကြည့်လိုက်တယ်။

ရှုရန်က ပြုံးစိစိနဲ့ပြောလိုက်တယ်။ "ဆိုင်ရှင်ချန် အဲ့ဒါက ခင်ဗျားလွယ်လွယ်လေးဖြစ်အောင် လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ ပြီးတော့ အနှစ်ရဲ့အရသာကလည်း အချိန်အချို့ကြာအောင်ထားပြီးမှ ပိုကောင်းလာတာ။ ဒါပေမဲ့လည်း ကျွန်တော့်မှာခင်ဗျားရဲ့ဖောက်သည်တွေကို စိတ်ကျေနပ်စေနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now