Chapter(6):ဆုံးဖြတ်ချက်များ ဆုံးဖြတ်ချက်များ

6.9K 1.3K 10
                                    

Zawgyi

ညအချိန်ညစာစားချိန်မှာ စားပွဲပေါ်မှာ အသားမဆို ထားနှင့်။ ဆန်စပါးစေ့တစ်စေ့တောင်မရှိဘူး။ ဟင်းပွဲ တွေအကုန်လုံးက ဟင်းသီးဟင်းရွက်ရိုင်းတွေချည်း ပဲ့။

ရှုရန်ကပေါင်းထားတဲ့ပြောင်းဖူးပေါ်မုန့်နှင့် ဟင်းသီး ဟင်းရွက်တစ်ချို့ကို သူ့ကလေးနှစ်ယောက်နှင့်အတူ စားလိုက်တယ်။ ဟင်းသီးဟင်းရွက်ရိုင်းတွေပဲ့ရှိပေ မယ့်လည်း စားဖို့စားစရာတစ်ချို့ရှိ​နေသေးတော့ ကောင်းတာပေါ့။

ရှုရန်ရဲ့အပြုအမူကိုမြင်ပြီးတော့ သက်ကြီးဖေဖေရှု နှင့်ကျန်းယွဲ့က ပြင်ထန်စွာအပြစ်တင်ပြန်တယ်။ သူတို့ ပြောနေတာတွေကို ရှုရန်ကဘာအာရုံမှစိုက်မနေပါဘူး။ ဘာကိစ္စပဲ့ဖြစ်ဖြစ် ကလေးတွေကလုံလောက်တဲ့ အစားအစာစားရဖို့ လိုအပ်တယ်။ သူ့အတွက်ဆိုရင် ဘာပဲ့ဖြစ်ဖြစ် သူကအရူးတစ်ယောက်ဆိုတော့ သူတို့ဘာပြောလဲဆိုတာကို နားမလည်ဘူး။

လယ်သမားတွေကညစာကို အစောကြီးစားကြ တယ်။ ဒီမှာက ညအချိန်ဖျော်ဖြေပွဲအစီအစဉ်တွေ မရှိဘူး။ မီးအိမ်ထဲကဆီကိုချွေတာဖို့အတွက် သူတို့ ကညစာစားပြီးတာနှင့်ချက်ချင်း အိပ်ယာဝင်ကြ တယ်။

လျိုထုံက ကလေးနှစ်ယောက်ရေချိုးရာမှာ ကူညီပေးပြီးတော့ အိပ်ဖို့အတွက် အိပ်ယာဆီကို သူတို့ကိုခေါ်လာတယ်။ အဲ့တာပြီးနောက် ရှုရန်ကို ရေချိုးရာမှာကူညီပေးဖို့ ရောက်လာတယ်။

လျိုထုံကရှုရန်နှင့်လက်ထပ်ပြီးကတည်းက လျိုထုံက သူ့ကိုရေချိုးရာမှာကူညီပေးတဲ့ တစ်ဦးတည်းသောသူဖြစ်လာတယ်။ ဒါပေမယ့် အဲ့ တာကရှုရန်ပြန်မကောင်းခင်တုန်းကဖြစ်တယ်။ ရှုရန်ရဲ့ခန္ဓာကိုယ်ထဲကို တစ်ခြားဝိညဉ်တစ်ခု ​ရောက်လာကတည်းက သဘာဝကျကျကိုပဲ့ လျိုထုံကို သူ့ကိုဆေးကြောခွင့်ပြုဖို့ မလိုလားဘူး။ လျိုထုံဘာပဲ့ပြောပြော သူအဲ့တာကို လက်မခံနိုင်ဘူး။

သူ့ကိုဖြောင်းဖျဖို့ အမှန်တကယ်ခက်ခဲတယ်ဆိုတာကို တွေ့လိုက်တော့ လျိုထုံက ရှုရန်ကနေ့ဘက် အချိန်တုန်းက အပြင်ကိုမထွက်ထားဘူးဆိုတော့ သူကအဲ့လောက်ညစ်ပတ်နေမှာမဟုတ်ဘူး။ အဲ့တာ ကြောင့် ဒီနေ့သူရေမချိုးချင်လည်း အဆင်ပြေပါ တယ်လို့ တွေးလိုက်တယ်။ ထို့နောက် လျိုထုံက သူ့ဘာသာသူရေချိုးဖို့ အဝေးကိုထွက်သွားတော့ တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now