Chapter(10):မိသားစုမှခွဲထွက်ခြင်း မိသားစုမှခွဲထွက်ခြင်း

6.5K 1.2K 25
                                    

Zawgyi

"အဖေ မိသားစုကို ခွဲထုတ်ကြရအောင်! ဒီလိုဘဝ မျိုးနှင့် ရှေ့ဆက်သွားလို့မဖြစ်တော့ဘူး။ အစ်ကို ကြီးတို့မိသားစုက အလုပ်လုပ်ရမယ့်အစား စားဖို့ လောက်ပဲ့သိတယ်။ ပြီးတော့သူတို့တွေက လတိုင်း ပိုက်ဆံကိုပဲ့မေးနေတယ်။ ကျွန်တော်တို့မိသားစုက ချမ်းသာတာမဟုတ်ဘူး။ တကယ်လို့သူတို့ ဒီလိုမျိုး ပဲ့ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့မှာ စားဖို့ စားစရာတောင်လုံလောက်တော့မှာမဟုတ်ဘူးလို့ ကျွန်တော်ခန့်မှန်းမိတယ်။"

ငြိမ်ငြိမ်သက်သက်နှင့်ပဲ့ ဘေးမှာရပ်ကြည့်နေတဲ့ ရှုချိန်ကရုတ်တရက် မိသားစုခွဲထုတ်ဖို့ အကြံညဏ် တစ်ခုရလာတယ်။ သူ့ဘေးမှာရပ်နေတဲ့ ကျန်းယွဲ့က လည်းပဲ့ ထောက်ခံနေတယ်။

သက်ကြီးရှုစုံတွဲက ရှုရန်ကိုကြည့်ပြီး လျိုထုံ ကိုလည်းကြည့်လိုက်တယ်။ ပြီးနောက် သူတို့ရဲ့ သားငယ်မိသားစုကိုလည်း ကြည့်လိုက်တယ်။ သူတို့ ရဲ့နှလုံးသားထဲမှာ ဘယ်သူ့ကိုပိုကြိုက်လဲဆိုတာ ရှင်းနေတာပဲ့။

ရှုရန်အရာအားလုံး ရှုပ်ထွေးသွားတာကို လိုချင် တယ်။ သူလျိုထုံကိုယ်ပေါ်မှီလိုက်ပြီး အဲ့တာက နာတယ်လို့ ပြောပြီးဆက်ညည်းနေတယ်။ အမှန် တကယ်မှာတော့ ဒဏ်ရာကသူထင်ထားတာထက်ပို နေပေမယ့် သူဒဏ်ရာရပြီးပြီဆိုတော့ အဲ့တာကို ကောင်းကောင်းအသုံးပြုရမှာပေါ့။ မဟုတ်ရင် သူအလဟဿခံစားလိုက်ရသလိုဖြစ်သွားမှာပေါ့။

လျိုထုံက ရှုရန်က ဒဏ်ရာရပြီးနာကျင်ခံစား နေရတာကို ကြားတဲ့အချိန်မှာ သက်ကြီးရှုစုံတွဲကို မုန်းတီးစွာစိုက်ကြည့်နေရင်း သူ့ကိုနှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်တယ်။

လျိုထုံရဲ့စိုက်ကြည့်မှုကြောင့် စုံတွဲအိုက ကြောက်လန့်သွားပေမယ့် ဒါကသူတို့မိသားစုဖြစ်ပြီး တော့ သူတို့တွေကလည်းအကြီးတွေဆိုတာကို စဉ်းစားမိတဲ့အချိန်မှာ သူတို့ကဘာဖြစ်လို့ လူငယ် လေးတစ်ယောက်ကို ကြောက်ရမှာလဲ?

အဲဒါကြောင့် သက်ကြီးအဖေရှုက ကိရိယာ တန်ဆာပလာအချို့ကိုကောက်ယူပြီးတော့ လူကို ရိုက်ဖို့လုပ်ချင်နေတဲ့အချိန်မှာ သက်ကြီးဖေဖေရှုက ဆဲရေးထိုင်းထွာခြင်းကို ထပ်မံပြုလုပ်တော့တယ်။ ပြီးတော့ ရှုချိန်နှင့်သူ့ခင်ပွန်းက ဘေးကနေရပ်ကြည့် နေတာကို ရပ်ပြီးတော့ အဲ့အစားသူတို့ရဲ့သားတွေကို အပြုအမူတစ်ချို့ပြုလုပ်ဖို့ ခိုင်းလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now