Zawgyi
ရှုဟိုခိုင်ပါဝင်လာတာကိုမြင်တော့ ရွာလူကြီးကပိုပြီး တော့တောင် မကျေမနပ်ဖြစ်လာသလို ခံစားလိုက်ရ တယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ ဒါက မိသားစုအရေးကိစ္စပဲ့ဖြစ်တယ်။ အဲ့ဒါကြောင့် သူအရမ်းပါဝင်ပတ်သက်လို့မရဘူး။ သူလျိုထုံ ကိုမေးလိုက်တယ်။ "လျိုထုံ မင်းရဲ့သဘောထား ကရော?"
လျိုထုံက ဆိုးရွားတဲ့အခြေအနေမှာကျရောက် နေပြီးသူ့ကိုမှီထားတဲ့ ရှုရန်ကိုကြည့်လိုက်တယ်။ သူနာကျင်လွန်းလို့ အော်ငိုနေတဲ့အချိန်မှာ သူ့နှုတ်ခမ်း ထောင့်စွန်းနှင့်ခြေထောက်တွေမှာလည်း သွေးတွေနှင့် ဖုံးလွှမ်းနေတယ်။ လျိုထုံကပြန်ဖြေလိုက်တယ်။
"ဖေဖေနှင့်အဖေပဲ့ အရာအားလုံးကိုဆုံးဖြတ်နိုင် တယ်။ ဒါပေမယ့် ရွာလူကြီး ကျွန်တော်ရှုရန်ကို သမားတော်နှင့်အရင်ပေးတွေ့လို့ရမလား? သူအရမ်း နာကျင်နေမှာ ကျွန်တော်စိုးရိမ်တယ်။""သမားတော်တွေ့ဖို့? ဘာလို့သမားတော်ကို သွားတွေ့ မှာလဲ? ဒီအသုံးမကျတဲ့သူသေရင် ပိုတောင်ကောင်း သေးတယ်။ မင်းကိုသွားခွင့်မပြုဘူး။"
လျိုထုံပြောတာကိုကြားတာနှင့်ချက်ချင်း သက်ကြီးဖေဖေရှုက အော်လိုက်တယ်။
သက်ကြီးဖေဖေရှုက ဟန့်လိုက်တဲ့အချိန်မှာ လျိုထုံဘာမှပြန်မပြောတော့ဘူး။ သူရှုရန်ကို ငုံ့ ကြည့်ပြီးတော့ သူ့လက်ကိုပွတ်သပ်ပြီး နှစ်သိမ့်ပေး လိုက်တယ်။
ရှုရန်ကဒီလိုနာကျင်မှုမျိုးကို တောင့်ခံနိုင်ပေမယ့် သူမလုပ်ချင်ဘူး။ ရှုမိသားစုကဘယ်လောင်တောင် အကြင်အနာကင်းမဲ့တယ်ဆိုတာကို သူရွာလူကြီးကို မြင်စေချင်တယ်။ အဲဒါကြောင့် သူနာကျင်နေတဲ့ အတွက်မရပ်ပဲ့နှင့် ဆက်လက်အော်ဟစ်နေတယ်။
ရှုရန်ရဲ့အခြေအနေအတွက် ရွာလူကြီးကအမှန် တကယ်ကို ဝမ်းနည်းသလိုခံစားလိုက်ရတယ်။ ဒီမိသားစုက လွန်လွန်းတယ်ဆိုတာကို သူသိတယ်။ ရှုရန်ကအမှန်တကယ်အရူးတစ်ယောက်ဖြစ်ပေ
မယ့်လည်း သူကရှုချိန်ရဲ့ အစ်ကိုကြီးလေ။ မိသားစု ကရှုရန်ကိုဒီလိုမျိုး မစွန့်ပစ်သင့်ဘူး။ သို့သော် လည်း နောက်ဆုံးမှာတော့ ဒါကအိမ်တွင်းရေးကိစ္စ ဖြစ်နေပြီးတော့ သူ့အတွက်ကြားဝင်ဖို့နေရာ မည်မည်ရရမရှိဘူးလေ။ သူကရွာလူကြီးအနေနှင့် မျက်မြင်သက်သေအဖြစ်ပဲ့ ဒီကိစ္စမှာပါဝင်နိုင်တယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...