Zawgyi
သူတို့နှစ်ယောက်စလုံး တောင်ပေါ်တွင် ငရုတ်သီးတွေအကုန်လုံး ခူးမပြီးသေးခင်အထိ လေးရက်လောက် အလုပ်များနေခဲ့တယ်။ မကြာခင် ဆောင်းရာသီရောက်လာတော့မှာ ဖြစ်တယ်။ အဲ့ဒါကြောင့် ငရုတ်သီးတွေပုပ်သိုးသွားမှာကို ရှုရန်စိုးရိမ်စရာမလိုအပ်ဘူး။ ပြီးတော့ အေးမြတဲ့ရာသီဥတုကြောင့်ပဲ သူတို့တွေအပြင်ကို လွယ်လွယ်ကူကူထွက်လို့မရတော့ဘူး။ သူတို့တွေအိမ်မှာပဲနေပြီး ငရုတ်အနှစ်တွေကိုပြုလုပ်ရမယ်။
တစ်ချိန်တည်းမှာပဲ ဒီနေရာကအရမ်းဆင်းရဲလို့ ဘာဖျော်ဖြေရေးအစီအစဉ်တွေမှ မရှိတာကြောင့် ရှုရန်တစ်ယောက် ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေရတယ်။
ထပ်ပြောရရင် လွန်ခဲ့တဲ့လေးရက်အတွင်းမှာ သူတို့ငရုတ်သီးတွေကို ခူးလိုက်ရရုံတင်မကပဲနဲ့ အာလူးနဲ့ကြက်သွန်ဖြူတို့ကိုလည်း ရလိုက်တယ်။ သစ်ပင်ပေါ်မှာရှိတဲ့ သစ်တော်သီးရိုင်းတွေကိုလည်း ရလိုက်သေးတယ်။ ရှုရန်က လင်ဇီးတစ်ပွင့်ကို ရလောက်တဲ့အထိတောင် ကံကောင်းလိုက်သေးတယ်။ သူအရမ်းပျော်လွန်းလို့ ထခုန်မိမတတ်ဖြစ်သွားတယ်။
ဒါကသူတို့အတွက် အစစ်အမှန်ကောက်ရိတ်သိမ်းချိန်ပဲ။
ဒါပေမဲ့ ပြဿနာတွေကလည်းပဲ လိုက်ပါလာတယ်။ သီးနှံတွေအများကြီးရှိနေတာမို့ ဒါတွေအကုန်လုံးကို အိမ်ကိုရွှေ့ဖို့က သူတို့နှစ်ယောက်တည်းအတွက် အမှန်တကယ်ကိုခက်ခဲလွန်းတယ်။
သူတို့အကူအညီတောင်းဖို့ကိုလည်း မဝံ့ရဲဘူး။ ဒီရွာမှာဆိုရင် အသေးအဖွဲ့သေးသေးလေးကအစ ထမင်းတစ်နပ်စားချိန်လေးအတွင်းမှာတင် တစ်ရွာလုံးသိသွားနေကြပြီဖြစ်တယ်။ တကယ်လို့ရွာသားတွေက သူတို့အကြောင်းကို သိသွားကြမယ်ဆိုရင် အနာဂတ်ကျရင် တောင်ပေါ်ကို နောက်တစ်ကြိမ်ထပ်လာဖို့က သူတို့အတွက် လွယ်ကူတော့မှာမဟုတ်ဘူး။
ရှုရန်ရဲ့မျက်နှာပေါ်က မှုန်ကုပ်နေတဲ့အကြည့်ကိုမြင်တော့ လျိုထုံကလျှောက်လာပြီး သူ့ကိုပွေ့ဖက်လိုက်တယ်။ "ရန် ငါဒါတွေအကုန်လုံးကို ရွှေ့နိုင်ပါတယ်။ သွားလိုက်လာလိုက်နဲ့ အကြိမ်အနည်းငယ်လောက် ရွှေ့လိုက်ရင် ငါဒါတွေအကုန်လုံးကို ပြန်သယ်သွားနိုင်မှာပါ။"
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...