Chapter(31):အောင်မြင်မှု-1 အောင်မြင်မှု-1

6K 1.1K 14
                                    

Zawgyi

ရှုရန်က အစပ်အရသာတွေကို အရမ်းကြိုက်တယ်။ လျိုထုံလည်း အတူတူပဲဖြစ်တယ်။ ရှုရန်က အာလူးအနည်းငယ်ကို အခွံမပါဘဲ တမင်ပြုတ်ထားပြီးတော့ အနှစ်ထဲထည့်နှစ်လို့ရအောင်လို့ အနှစ်အဆင်သင့်ဖြစ်တဲ့အချိန်ကို စောင့်နေလိုက်တယ်။ သိသိသာသာကိုပဲ ဒီချက်ပြုတ်နည်းကို စမ်းကြည့်တာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်တယ်။

ရှုရန်ရဲ့အကြံညဏ်ကို နားထောင်ပြီးတော့ လျိုထုံက ဟင်းခတ်အမွှေးအကြိုင်တွေကို အိုးထဲထည့်လိုက်တယ်။ အနံ့မွှေးလာတဲ့အချိန်မှာ သူကငရုတ်သီးအမှုန့်ပန်းကန်လုံးထဲကို ဆီလောင်းထည့်လိုက်တယ်။ ဆီလောင်းချလိုက်တဲ့အချိန်မှာ ငရုတ်သီးအမှုန့်တွေက ချက်ချင်းတရှဲရှဲမြည်သွားကြတယ်။ တစ်ချိန်တည်းမှာပဲ အစပ်အနံ့အရသာက ထွက်ပေါ်လာတော့တယ်။

အပူချိန်က အနေတော်ပဲဖြစ်တယ်။ သူတို့အာလူးအချို့ ထည့်ထားတဲ့ပန်းကန်လုံးကို
ရှုရန်ဝါးစားပွဲဘက်ခြမ်းမှာထားဖို့ မစောင့်နိုင်တော့ဘူး။

ရှုရန်က ဝါးဇွန်းအသေးလေးတစ်ခုကိုယူပြီး ငရုတ်အနှစ်တချို့ကို ခပ်ယူလိုက်ပြီးတော့ အာလူးပေါ်မှာ ဖြူးလိုက်တယ်။ နီညိုရောင်သန်းနေတဲ့ငရုတ်ဆီတွေက အချဉ်ဖောက်ထားတဲ့ပဲပိစပ်တွေနှင့် လိုက်ဖက်နေပြီးတော့ အစားအစာကိုကြည့်ရတာ အရမ်းစားချင်စဖွယ်လေးဖြစ်နေတယ်။

အာလူးကိုအချိန်အနည်းငယ်လောက် အအေးခံပြီးနောက် ရှုရန်ကအဲ့ဒါကို မြည်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး။

လျိုထုံကတစ်ဖက်ခြမ်းမှာရပ်နေပြီးတော့ သူ့ကိုစိတ်လှုပ်ရှားစွာ ကြည့်နေတယ်။

ငရုတ်အနှစ်က အမှန်တကယ်ကို စပ်တယ်။ အာလူးတစ်လုပ်စားပြီးနောက် ရှုရန်ရဲ့နှုတ်ခမ်းတစ်ခုလုံး နီရဲနေပြီးတော့ အချိန်ခဏလောက်ကြာအောင် စကားတောင်မပြောနိုင်တော့ဘူး။ အဲ့ဒါကလျိုထုံကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားစေတယ်။ "ရန် ဘယ်လိုနေလဲ?"

ရှုရန်ကအရသာခံနေတုန်းပဲ ရှိသေးတယ်။ အဲ့ဒါက သူ မစားရတာအချိန်အကြာကြီးရှိနေပြီဖြစ်တဲ့ သူ့အမေလုပ်နေကျအနှစ်အရသာနှင့် တစ်ပုံစံထဲပဲ။
ရှုရန်ကဒီနေ့ နောက်ဆုံးမှာတော့ အဲ့အရသာကို ထပ်မြည်းကြည့်နိုင်ခဲ့တော့ အရမ်းကိုပျော်ရွှင်သွားတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now