Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-2 ပူးပေါင်း ဆောင်ရွက်ခြင်း-2

Mulai dari awal
                                    

ကျောက်ချန်က စားသောက်ဆိုင်ထဲ ဝင်လာကတည်းကနေ ငြိမ်သက်နေခဲ့တာ ဖြစ်တယ်။ သူရုတ်တရက် ထမေးလိုက်တယ်။ "အဲ့ဒါဆိုရင် မင်းက ငါတို့တွေကို ဘာလုပ်စေချင်တာလဲ?"

ကျောက်ချန်က လေ့လာသင်ယူခြင်းမှာ မကောင်းတာကလွဲလို့ သူက သိမ်မွေ့သောစိတ်ထားနဲ့ လျင်မြန်ဖျတ်လတ်သော ဦးနှောက်ရှိတဲ့ တည်ငြိမ်သော လူတစ်​ယောက်ဆိုတာကို ရှုရန်သိတယ်။

"ဟုတ်တယ်။" လင်းဟွာကလည်း သံယောင်လိုက် ပြောလိုက်တယ်။

ရှုရန်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စားပွဲကို တီးခေါက်နေမိတယ်။ "မင်းတို့မိသားစုတွေထဲမှာ စျေးဆိုင်တွေရှိတယ် မဟုတ်လား? မင်းဆိုင်တစ်ဆိုင်ကို ရှာလိုက်ရုံပါပဲ။ ဆိုင်ရဲ့တည်နေရာ အနေအထားက ကောင်းနေစရာမလိုပါဘူး။ မင်းတို့က ငရုတ်သီးတွေနဲ့ ပဲပိစပ်တွေကို ကူစုဆောင်းထားပေးရုံပါပဲ။ နောက် ဒါတွေကို လုပ်ပြီးသွားတဲ့အချိန်ကျရင် ပထမဆုံးထုတ်ကုန်တွေကို ငါမင်းတို့ဆီ ပို့ပေးလိုက်မယ်။ အဲ့အချိန်ကနေစပြီး မင်းတို့ဆီကို ထုတ်ကုန်အသစ်တွေ လာပို့ပေးဖို့အတွက် တစ်စုံတစ်ယောက်ကို မင်းတို့တွေ ရှာနိုင်တယ်။ မင်းတို့ ဘယ်နှစ်ကြိမ်လောက် လာကြမလဲ ဆိုတာကိုတော့ မင်းတို့ဆုံးဖြတ်ကြပါ။ အဆင်ပြေလား?"

ရှုရန်ပြောတာကို ကြားလိုက်တော့ သူတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြတယ်။ ခဏလောက်ကြာပြီးမှ ကျောက်ချန်က မေးလိုက်တယ်။ "ဝေစုကိုရော ဘယ်လိုခွဲကြမလဲ?"

"ငါက ၃၀% ယူမယ်။ မင်းတို့ကတော့ ၇၀% ပေါ့။ ဘယ်လိုလဲ?"

"မင်းကတော့ ဒီစီးပွားရေးမှာ ဘာငွေကြေးမှ အကုန်အကျမခံပဲနဲ့ကို ကောင်းကောင်း လုပ်နေတော့တာပဲနော်။" ကျောက်ချန်က ပြုံးရင်း ပြောလိုက်တယ်။

ရှုရန်က ဒီစကားကို အလေးအနက် မထားပေ။ "မင်းတို့ ဘယ်လိုထင်ကြလဲ?"

"ကောင်းပြီလေ။ ၃၀ ၇၀ အချိုးအတိုင်း သွားကြတာပေါ့။ မင်းစာရင်းပြုစုပြီး ဘယ်လောက်လိုသလဲ ဆိုတာကို ငါတို့တွေကို ပြန်ပြော။ ငါတို့မင်းအတွက် ရှာပေးထားမယ်။" ကျောက်ချန်က ပြန်မတုံ့ပြန်ပေမဲ့ လင်းဟွာကတော့ ရွှင်မြူးစွာနဲ့ ပြန်ဖြေလိုက်တယ်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Apr 14 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang