အပိုင်း-၃၀

2.4K 131 42
                                    

[Unicode]

စားပွဲခုံမှာထိုင်ရင်း အမှတ်စာရင်းများစစ်ဆေးနေခိုက် မျက်ရိုးကိုက်လာသဖြင့်မျက်မှန်ကို ဆွဲချွတ်ကာ လက်မဖြင့် မျက်ရိုးနေရာကို ဖိနှိပ်လိုက်သည်။

"ဘာဖြစ်လို့လဲဟင် ဦးဏ။ မျက်ရိုးကိုက် လို့လား"

"အင်း...နည်းနည်း"

"နားနားပြီးလဲ လုပ်ပါအုံးဗျ။ ကျွန်တော် နှိပ်ပေးမယ်။ မျက်စိကို ခဏအနားပေးလိုက်နော်"

"အင်း..."

ပြန်လည်ဖြေကြားပြီးနောက် မျက်လုံးကိုပိတ်ကာ ခဏနားလိုက်စဥ် ပုခုံးကိုလာ၍ နှိပ်နယ်ပေးနေသော အထိအတွေ့ကို ခံစားလိုက်ရ၏။

"ဇက်ကြောတွေ အရမ်းတင်းနေတယ် ဦးဏ"

"အင်း...ဟုတ်တယ်။ ဒီရက်ပိုင်း အမှတ်စာရင်းတွေ စစ်တာများလို့ ထင်တယ်"

"အလုပ်ကြီးပဲ ဖိလုပ်မနေဘဲ ကျွန်တော့်ကိုလဲ အာရုံစိုက်ပါအုံးလားလို့"

ဇာနည်လင်းထွဋ်၏ လေသံအတိုင်း နူးညံ့ကြင်နာစွာ ပြောဆိုနေပေမယ့် ထိုလေသံထဲတွင် မကျေမနပ်လေသံလေး အနည်းငယ်ပါဝင်နေသောကြောင့် ဝဏ္ဏပြည့်စုံ ရယ်လိုက်မိ၏။

"အာရုံစိုက်ပါတယ် မင်းကိုလဲ"

"ဟုတ်လို့လား...အမှတ်စစ်နေရတယ် ဆိုပြီး ပစ်ထားတာ လေးငါးရက်လောက်ရှိပြီ"

"မဟုတ်ပါဘူး"

"ဟုတ်ပါတယ်။ သေချာတွက်ကြည့်ရင် တစ်ပတ်နီးပါး​လောက် ရှိပြီ။ ဦးဏက အချိန်ကြာသွားတော့ ကျွန်တော့်ကို ရိုးအီနေပြီလား"

".........."

စွပ်စွဲချက်တွေအောက်မှာ အဲ့ဒီလောက်တောင် အချိန်ကြာသွားသလား တွေးရင်း အချိန်ကို ပြန်တွက်ကြည့်တော့ အမှန်ပင်ဇာနည်လင်းထွဋ် ပြောသည့်အတိုင်း ဖြစ်နေလေသည်။ ထို့ကြောင့်သာ အသာချောင်းဟန့်ရင်း အယူခံဝင်ဖို့ ပြင်ရတော့သည်။

"မဟုတ်ပါဘူး။ ဒီရက်ပိုင်း အမှတ်တွေ စစ်နေရလို့ တကယ့်ကို မအားတာပါ။ မင်းကို တမင်ပစ်ထားတာမှ မဟုတ်ပဲ"

"သိပါတယ်ဗျ။ ဒါပေမယ့် ကျွန်တော့်နှလုံးသားလေးက ဦးဏရဲ့အချစ်တွေနဲ့ ရှင်သန်ရတာမို့ အခုဆို ကျွန်တော့်နှလုံးသားလေး ခြောက်သွေ့နေရပြီ"

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now